ဆိပ်ဖြူမြို့နယ်တွင် ရွှံ့စေမြေအုတ်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ

ဆိပ်ဖြူ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာတွင် ရွှံ့စေးမြေအုတ်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေရရှိလျှက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာသည် ယခင်တည်းက တစ်ပိုင်တစ်နိုင် ရွှံ့စေးမြေအုပ်လုပ်ငန်းနှင့် ရာသီပေါ်သီနှံ စိုက်ပျိုးရေးလုပ်ငန်းတို့ကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်ကြပြီး ရွှံ့စေးမြေအုတ်လုပ်ငန်းဖြင့် ဒေသခံပြည်သူများ၏ မိသားစုနေ့စဉ်ဝင်ငွေရရှိနေပြီး အုတ်ပေါက်သူတစ်ဦးလျှင် တစ်နေ့ဝင်ငွေကျပ်(၇၀၀၀) ရရှိကာ အုတ်စိမ်း သယ်အမျိုးသမီးတစ်ဦးလျှင် (၅၀၀၀) ကျပ်ခန့် ဝင်ငွေရရှိခြင်းကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် စာဝတ်နေရေးအဆင်ပြေစွာဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ၊ ရွှံ့စေးမြေအုတ် ပြုလုပ်ရာတွင် ကုန်ကြမ်းများဖြစ် နုံးတင် ရွှံ့စေးမြေ ၊သောင်းသဲ၊ လောင်စာအဖြစ် ဇီးခွဲခြမ်းများနှင့် စပါးခွံများပါဝင်ပြီး အုတ်လုပ်ရန် ရွှံ့စေးမြေကို ကန်မြေ ၊ ကိုင်းမြေများမှ သယ်ယူ စုဆောင်ရပြီး ၊လောင်စာပြုလုပ်ရန် ဇီးခွဲခြမ်းများကို ဇီးခွဲစက်များမှ ချိတ်ဆက်၍လည်ကောင်း ၊စပါးခွံလောင်စာကို ဆန်စက်ကြီးများနှင် ချိတ်ဆက်ဝယ်ယူရသည်။ 

ရွှံ့စေးမြေအုတ်အစိမ်းပြုလုပ်ရန် ရွှံ့စေးမြေနှင့်သဲတို့ကိုစနစ်တကျ ရောစပ်ကာ ရေဖြင့်တစ်နှပ်ထားရပြီး နောက်နေ့နံနက်တွင် ရွှံ့စေးအုတ်စိမ်းပြုလုပ်ရကာ ညီညာသောမြေပြင်တွင် ခုနှစ်ရက်ခန့် နေလှန်းအခြောက်ခံပြီး အုတ်မီး ဖုတ်မည့်နေရာသို့စုပုံပြီး အုတ်မီးလိုအပ်သောလောင်စာများထည့်သွင်းပြီး အုတ်မီးဖုတ်ရကြောင်း ၊အုတ်စိမ်းမီးဖုတ်ရာတွင်လည်း အုတ်အကျက်ညီစေရန်နှင့် ချော်အုတ်များထွက်ရှိမှုနည်းစေရန်  နေ့ည စောင်ကြည့်၍  မီးပြင်းအားစနစ်တကျ ထိန်းညှိပြီး လောင်စာများကိုဖြည့်သွင်းပေးရကာ (၁၀)ခန့် မီးဖုတ်ရကြောင်း အုတ်ကျက် တစ်လုံးလျှင် အထိုင်ဈေး (၇၀)ဖြင့်ရောင်းချရပြီး ၊အရောက်ပို့စနစ်ဆိုလျှင် ခရီးအကွာအဝေးပေါ်မူတည်၍ ဝန်ဆောင်မှုစရိတ် များပိုကျကြောင်း၊ လက်ရှိတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဆောက်လုပ်ရေးကုမ္ပဏီများ နှင့် ပုဂ္ဂလိက လုပ်ငန်များကအတွက် ပို့ဆောင်ပေးနေရကြောင်း အုတ်လုပ်ငန်းဆောင်ရွက်နေသည့် ဦးဝင်းမြင့်က ပြောကြားသိရှိရသည်။      
    
ကိုဇွဲ(အညာမြေ)