မိုဂါဒစ်ရှူး မတ် ၂၃
ဆိုမာလီယာနိုင်ငံ အနောက်တောင် ပိုင်း၌ မတ် ၂၂ ရက်ညနေပိုင်းက ကုန်တင်လေယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ငါးဦးသေဆုံးခဲ့သည် ဟု ဆိုမာလီ လေကြောင်းအာဏာ ပိုင်အဖွဲ့က အတည်ပြုခဲ့သည်။ ဒီအိတ်ချ်စီ-၅ဒီ ဘတ်ဖဲလိုးလေယာဉ်သည် မိုဂါဒစ်ရှူးမြို့ အနောက်တောင်ဘက် ၂၄ ကီလို မီတာအကွာ၌ ညနေ ၅နာရီ ၄၃ မိနစ်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဆိုမာလီ ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့က ပြောသည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ငါးဦးစလုံး သေဆုံးသွားကြောင်း ဆိုမာလီလေကြောင်း အာဏာပိုင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကင်ညာ အခြေ စိုက် ထရီဒန့်လေကြောင်းကုမ္ပဏီ မှ လည်ပတ်သည့် အဆိုပါ လေယာဉ်သည် ဆိုမာလီယာ အနောက်တောင်ပိုင်းရှိ နယ်စပ်မြို့ ဒိုဘလီမှ မိုဂါဒစ်ရှူးရှိ အေဒင်အဗ္ဗ ဒူလာ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာလာခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျမှုနှင့် ပတ် သက်၍ အသေးစိတ် အချက်အလက်များကို ဆိုမာလီလေကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ခြင်းမရှိချေ။ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးပြီးနောက် နောက်ထပ်အသေးစိတ် အချက်အလက်များကို ထပ်မံဖော်ပြသွားမည်ဟု ဆိုမာလီ လေကြောင်း အာဏာပိုင်အဖွဲ့ က ပြောသည်။
ဆင်ဟွာ