ဆိုမာလီယာ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဓိကကျကြောင်း ကုလသမဂ္ဂပြောကြား

မိုဂါဒစ်ရှူး     နိုဝင်ဘာ    ၁၂

နိုင်ငံတည်ငြိမ်    အေးချမ်းရေး အတွက်  ဆိုမာလီယာအစိုးရနှင့် ဆိုမာလီယာရှိ  အာဖရိကသမဂ္ဂ အသွင်    ကူးပြောင်းရေးမစ်ရှင် တို့ကြား ပူးပေါင်းဆောင်ရွက်မှုကို ကုလသမဂ္ဂက   ချီးကျူးဂုဏ်ပြုလိုက်သည်။

နိုဝင်ဘာ ၁၁ ရက်က  ဆိုမာ လီယာသို့  သုံးရက်ကြာ အလည်အပတ်ရောက်ရှိနေသော   ကုလသမဂ္ဂ လက်ထောက်  အထွေထွေ အတွင်းရေးမှူးချုပ် မာသာဖိုးဘီး က    အာဖရိကသမဂ္ဂအသွင် ကူးပြောင်း ရေးမစ်ရှင်နှင့် ဆိုမာလီ ခေါင်းဆောင်များအား ကုလသမဂ္ဂ၏ ပံ့ပိုးကူညီမှုများ ဆက်လက်ရရှိရန် အာမခံခဲ့သည်။

ဆိုမာလီယာနိုင်ငံသည် ကြီးမားသော ခြေလှမ်းများ စတင်နိုင်ခဲ့ကြောင်း၊  လွန်ခဲ့သည့် နှစ်နှစ်ခန့်နှင့်   နှိုင်းယှဉ်ပါက  တိုးတက်မှု များကို မြင်တွေ့ရကြောင်း  ဆိုမာလီယာနိုင်ငံ မြို့တော်  မိုဂါဒစ်ရှူး၌  နိုဝင်ဘာ ၁၂   ရက်က  ထုတ်ပြန်သည့်   ကြေညာချက်တွင်    ဖိုးဘီး က ပြောကြားသည်။

ဆိုမာလီယာနိုင်ငံခြားရေးဝန်ကြီး အလီ မိုဟာမက်အိုမာက နိုင်ငံ၏တိုးတက်မှုအတွက် ကုလသမဂ္ဂ     နိုင်ငံတကာမိတ်ဖက် အဖွဲ့များအား ချီးကျူးဂုဏ်ပြုခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများ၏ အကူအညီမပါဘဲ   ယနေ့ခေတ် ဆိုမာလီယာအခြေအနေသို့ ရောက်ရှိမည်မဟုတ်ကြောင်း ပြောကြားသည်။

ဆိုမာလီယာအတွက် အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌနှင့် အာဖရိကသမဂ္ဂ အသွင်ကူးပြောင်းရေး  မစ်ရှင်အကြီးအကဲ၏ အထူး ကိုယ်စားလှယ် မိုဟာမက်အယ်လ် အမိန်းဆွတ်ဖ်ကလည်း   ဆိုမာလီယာ အတွက်      ကုလသမဂ္ဂထောက်ပံ့ရေးရုံးမှ   တာဝန်ရှိသူများ၊  ဆိုမာလီယာရှိ ကုလသမဂ္ဂ အကူအညီ ပေးရေး မစ်ရှင်နှင့်အတူ လူသားချင်းစာနာထောက်ထားမှုအခြေအနေ၊ တပ်ဖွဲ့များ ဆုတ်ခွာမှုအခြေ အနေနှင့်    အထွေထွေ အကူးအပြောင်းလုပ်ငန်းများ၊ အယ်နီညိုကြောင့် ရေကြီးရေလျှံမှု ပြဿနာကို  အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရေး အဖြေရှာနိုင်ခဲ့ကြောင်း  ဖိုးဘီးအား  ရှင်းလင်းပြောကြားသည်။       

ဆင်ဟွာ