ဆိုမာလီယာရှိ အမေရိကန်တပ်ကို ပြန်ခေါ်မယ်လို့ သမ္မတ ထရမ့်ပြောကြား

မိုဂါဒစ်ရှူး၊ ၅  ဒီဇင်ဘာ

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆိုမာလီယာနိုင်ငံရှိ အမေရိကန်တပ်တွေကို  ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြန်ခေါ်ဖို့  အမိန့်ပေးထားကြောင်း ပင်တဂွန်က သောကြာနေ့မှာ ပြောကြားပါတယ်။

 

ဆိုမာလီယာရှိ အယ်လ် ရှာဘတ် စစ်သွေးကြွတွေ အားတိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်တပ်သား ၇၀၀ နီးပါးအား လုံခြုံရေးအနေနဲ့ချထားတဲ့ တပ်ချထားမှု ကို ပြန်ခေါ်ဖို့ သမ္မတ က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ အီရတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်တပ်သားတွေ ပြန်ခေါ်ဖို့ ပြီးခဲ့တဲ့ လက အမိန့်ထုတ်ပြန်ပြီး  အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ဆိုမာလီယာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက အမေရိကန်တပ်တွေကို ပြန်လည် ခေါ်ဆောင်သွားခြင်းဟာ အကြမ်းဖက်သမားတွေအတွက် ခွန်အားဖြစ်သွားစေနိုင်ကြောင်း ပြောကြားပါတယ်။

 

အခုလို နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ အမေရိကန်တပ်တွေ အိမ်ပြန်ခေါ်ခြင်းဟာ သမ္မတ ထရမ့်ရဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောခဲ့တဲ့ စကားတွေကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။

 

အာဖဂန်ရှိ အမေရိကန် စစ်သား ၅,၀၀၀ မှ ၂,၅၀၀ အထိ လျှော့ချမှာဖြစ်သလို အီရတ်ရှိ အမေရိကန်စစ်သား ၃,၀၀၀ မှ ၂,၅၀၀ အထိ လျှော့ချမှာ ဖြစ်ရာ အဲဒီလျှော့ချလိုက်တဲ့ စစ်သားအရေအတွက် ဟာ လာမယ့်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းမှာ အိမ်ပြန်ရောက်ရှိကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

MDN

ကိုးကား - AFP