မိုဂါဒစ်ရှူး ဇူလိုင် ၉

ဆိုမာလီယာအမျိုးသားတပ်မတော်၏ ဒါနက်ဘ်တပ်မဟာသည် ဂျူဘာလန်းပြည်နယ်မှ ဒေသဆိုင်ရာတပ်ဖွဲ့များ၏ အထောက်အပံ့ဖြင့် ဆိုမာလီယာနိုင်ငံ တောင်ပိုင်း၌ စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ခေါင်းဆောင်နှစ်ဦးနှင့် အယ်ရှာဘတ်စစ်သွေးကြွ ၁၆ ဦး သေဆုံးကြောင်း သိရသည်။

ဘဂ္ဂဒက်ဒေသ၌ အဆိုပါစစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း ဇူလိုင် ၈ ရက် ညနေထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားပြီး စစ်ဆင်ရေးအတွင်း တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် လက်နက်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများကိုလည်း တပ်ဖွဲ့ဝင်များက သိမ်းဆည်း ရမိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။   

ဆင်ဟွာ