ဆိုင်ကလုန်းမုန်တိုင်း လူပစ် တရုတ်နိုင်ငံ ဂွမ်ဒေါင်းနှင့် ဖူကျန်းပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ရာ လူသောင်းချီ၍ရွေ့ပြောင်းမှုများ ပြုလုပ်

ကွမ်ကျို ဩဂုတ် ၆

 

၂၀၂၁ ခုနှစ်၏ ကိုးခုမြောက် ဆိုင်ကလုန်းမုန်တိုင်း လူပစ်သည် တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ကမ်းရိုးတန်းကို သြဂုတ် ၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ရာ မုန်တိုင်းမတိုက်ခတ်မီ ဒေသခံပေါင်း ၃၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင် ခဲ့ကြောင်း သိရသည်။

 

တိုင်ဖွန်းမုန်တိုင်းသည် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် နာနိုစီရင်စု ရှန်တိုမြို့ ကမ်းရိုးတန်းကမ်းလွန်တွင် ၎င်း၏ အလယ်ဗဟို၌ တစ်စက္ကန့်လျှင် ၂၄ မီတာအထိ တိုက်ခတ်ခဲ့ကြောင်း ဂွမ်ဒေါင်းပြည်နယ် မိုးလေဝသစောင့်ကြည့်ရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မုန်တိုင်းကြောင့် ပင်လယ်ကမ်းခြေ ရှုမျှော်ခင်းကြည့်နေရာပေါင်း ၄၃ ခုနှင့် ရေချိုးဆိပ်များကို ပိတ်ခဲ့ရကြောင်း ပြည်နယ်အရေးပေါ် စီမံခန့်ခွဲမှုဌာနကပြောသည်။ ငါးဖမ်းလှေ ၃၅၀၀ စင်းကျော် ကမ်းပြန်ကပ်ခဲ့ပြီး ကမ်းလွန်တွင် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေသူ ၆၂၀၀ ကမ်းခြေသို့ ပြန်လည်ခိုနားခဲ့သည်။

 

တိုင်ဖွန်းမုန်တိုင်း လူပစ်ကြောင့် နောက်သုံးရက်အတွင်း လေပြင်းတိုက်ခတ်မှုများနှင့် မိုးရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားနိုင်သည်။

 

ထို့ပြင် တိုင်ဖွန်းမုန်တိုင်း လူပစ်သည်တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်သို့ ဒုတိယအကြိမ် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရသည်။

 

ဆင်ဟွာ