ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက်  ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်  ဇွန်  ၂၈

 

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ် သည့်ပစ္စည်းများကို တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် မိုခါရန်ပုံငွေပဒေသာကပွဲနှင့်  လေးပွင့်ဆိုင် ဘောလုံးပြိုင်ပွဲ တို့မှရရှိသောငွေများကို ရခိုင်ပြည်နယ်ရှိ ဘေးသင့်ပြည်သူများထံ ကိုယ်တိုင်သွားရောက် လှူဒါန်းရန် အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များနှင့် အားကစားသမားဟောင်း များ ၆၄ ဦးကို  လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် ASEAN Coordinating  Centre   For Humanitarian Assistance on disaster management(AHA Centre) တို့မှ လှူဒါန်းသည့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် အခြေခံ  စားသောက်ကုန်ပစ္စည်းများ ၁၀ ဒသမ ၃၀၉ တန်ကိုလည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော် (လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေးပစ္စည်း ၅၄၉ ဒသမ ၉ တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်း  ၃၅၂၁   ဦးတို့ကို  ပို့ဆောင် ပေး နိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့    ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်     ဒေသများသို့ ရဟတ်ယာဉ်များဖြင့် ဆက်လက် ပေးပို့ဖြန့်ဖြူးလျက်ရှိရာ တာဝန်ရှိသူများက လက်ခံရယူ ပေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်