ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့် လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

 

၁။      မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန် အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင် ပြည်သူများအနေဖြင့် လှူဒါန်းမှုများပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှုများပြားသည့် မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် SMS (စာတို)ဖြင့် လှူဒါန်းငွေများပေးပို့ နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။       ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူ စေတနာရှင် ပြည်သူများအနေဖြင့် မိမိတို့၏ အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှတစ်ဆင့် 9090 သို့ 500 ဟု SMS ပေးပို့၍ တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။