ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၀/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ  ၂  ရက်)     
   
(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

 (၁) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် အနောက်-အနောက်မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ မြောက်- အရှေ့မြောက်ဘက် ရေမိုင်(၃၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပမ်ဘန် (Pamban)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်နှင့် ကန်ညာကူမာရီ (Kanyakumari) မြို့၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင်(၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ" (Burevi)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) "ဘူရီဗီ"(Burevi)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၉.၁) ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၁.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)"ဘူရီဗီ"(Burevi)သည် ယနေ့ည ပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်းကို ထရီကိုမာလီ (Trincomalee)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရေွ့လျားကာ (၃.၁၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် မန်နာပင်လယ်ကွေ့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

Crd> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန