ဆွမ်ပရာဘွမ်မြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ ဗဟိုပြု၍ ၃ ဒသမ ၈ အဆင့်ရှိမြေငလျင်လှုပ်

mdn

နေပြည်တော် ၉ မေ

 

ယနေ့ မန်မာစံတော်ချိန် (၂၀) နာရီ၊ (၅၇) မိနစ်၊ (၅၇) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက်(၇၄)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဆွမ်ပရာဘွမ်မြို့၏ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၆.၅၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၆၃)ဒီဂရီ၊ အနက်(၄၇)ကီလိုမီတာကို ဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး(၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။

 

MDN