ဆွမ်ပရာဘွမ်မြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး

ဆွမ်ပရာဘွမ်     ဇွန်    ၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့်ကိုက်ညီသော ပိတောက် ၁၀ ပင်၊ သစ်အလ် အပင် ၅၀၊ ရေပိတုန်း အပင် ၅၀၊ ခရေ ၁၀ ပင်နှင့် နွယ်သာကီ ၁၀ ပင် စုစုပေါင်း အပင် ၁၃၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်းအင်အား ၉၅ ဦးတို့က စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)