ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၂၃ ဦး ထပ်မံတွေ့ရှိ

ဆင်ပေါင်ဝဲ   ဇူလိုင် ၉

ဆင်ပေါင်ဝဲမြို့နယ်၊ ရပ်ကွက်/ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့ဖြင့် ထိစပ်လာသူများအား ဇူလိုင် ၉ ရက် နံနက် ၉ နာရီက RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၃ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ၂၃ ဦးတို့မှာ အမှတ် (၁)  ရပ်ကွက်မှ  အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး၊   အမှတ်(၂)   ရပ်ကွက်မှ    အမျိုးသားနှစ်ဦး၊  အမျိုးသမီး သုံးဦး၊  အမှတ်(၃) ရပ်ကွက်မှ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး၊ ဖောင်အိုင် ကျေးရွာမှ  အမျိုးသား တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊  ပေလည်ကျေးရွာမှ  အမျိုးသား နှစ်ဦး  ၊ ကျွန်းကျေးရွာမှ အမျိုးသား တစ်ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

ပိုးတွေ့အတည်ပြုနာများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး   အမျိုးသား ၁၃ ဦးအား     ဆင်ပေါင်ဝဲမြို့ မြို့တော်ခန်းမတွင်လည်းကောင်း၊   အမျိုးသမီး ၁၀ ဦးအား  ဘုရားငါးဆူ သာသနာ့ဗိမာန်တွင်လည်းကောင်း   သီးခြားထားရှိ ကုသပေးသွားမည်ဖြစ်ကြောင်းနှင့်   ဆင်ပေါင်ဝဲ မြို့နယ်တွင် ဇူလိုင် ၉ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၆၄ ဦး ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)