ဆင်းရဲတဲ့နိုင်ငံတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပေးဝေရေးအစီအစဉ်မှာ တရုတ်နိုင်ငံပါဝင်လာ

၉ အောက်တိုဘာ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဦးဆောင်ပြီး ဆင်းရဲတဲ့ နိုင်ငံ ၉၀ ကျော်အား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ပေးဝေရေး အစီအစဉ်မှာ တရုတ်နိုင်ငံလည်း ပါဝင်လာကြောင်း သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ချမ်းသာတဲ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိတာနဲ့တပြိုင်နက် ဆင်းရဲတွေနိုင်ငံတွေမှာလည်း ကာကွယ်ဆေးရရှိရေး အစီအစဉ် COVAX ကနေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူ အမျိုးသမီး ဟူချန်ရင်း က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကမ္ဘာ့အများသုံးကုန်အဖြစ် ပြောင်းလဲရေး လုပ်ဆောင်တဲ့အဖွဲ့မှာ ပါဝင်ရတာ ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး COVAX အဖွဲ့ကို ငွေကြေးမည်မျှလှူမယ်ဆိုတာကိုတော့ ထည့်သွင်း ပြောကြားခြင်းမရှိကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆင်းရဲတဲ့ နိုင်ငံ ၉၂ နိုင်ငံကို ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး လှူဒါန်းရန် အမေရိကန်ဒေါ်လာ နှစ် ဘီလီယံလိုအပ်ကြောင်း သိရပါတယ်။ 

တရုတ်နိုင်ငံက ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေအား အဓိကထား ဖြန့်ဖြူးသွားမယ်လို့ ဟူက ပြောပါတယ်။ ဒါ့အပြင့် COVAX ကိုလည်း တတ်နိုင်တဲ့နိုင်ငံတွေ ပိုပြီးထောက်ပံ့ဖို့ မျှော်လင့်ကြောင်း ဆော်ဩပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံနဲ့ပြိုင်ဘက် အမေရိကန်နိုင်ငံကတော့ COVAX အဖွဲ့ကို ပါဝင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ 

တရုတ်နိုင်ငံမှာ ဒီနေ့ (သောကြာနေ့) ဟာ တရုတ်ရိုးရာ လမုန့်ပွဲတော် အားလပ်ရက်ရှည် ကုန်ဆုံးပြီး သန်းနဲ့ချီတဲ့အလုပ်သမားတွေ လုပ်ငန်းခွင်ကို ပြန်လည်လာဝင်လာချိန်မှာ အနောက်နိုင်ငံအများစုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့အတွက် အသွားအလာပိတ်ဆို့မှု (lockdown) နဲ့ ခရီးသွားလာမှု တားမြစ်ခြင်းတွေ လုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP