ဆင်သေရေလွှဲဆည်အတွင်း ငါးမြစ်ချင်းငါးသားပေါက်စိုက်ထည့်

တပ်ကုန်း ၂၀ ဇွန်        


  
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်၊ ချောင်း၊ ဆည်နှင့် တာတမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ  နေပြည်တော်တပ်ကုန်းမြို့နယ်  မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာအနီးရှိ  ဆင်သေရေလွှဲဆည်တွင်  ဇွန်  ၂၀ ရက် နံနက် ၈ နာရီခွဲက ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးဇော်လင်းမြင့်၊ ဒက္ခိဏခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးရဲလွင်သိန်း၊ ဥတ္တရခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်သန်း၊ ရေဆင်းငါးစခန်းတာဝန်ခံ ဦးစိုးပိုင်နှင့်အတူ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ပြီး၊ တာဝန်ရှိသူများက ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများစိုက်ထည့်ပေးရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မြင့်နှင့် ဒေသခံပြည်သူများအား ငါးမြစ်ချင်း ငါးသားပေါက် တစ်သိန်းငါးသောင်းကောင် လွှဲပြောင်းပေးကာ ဆင်သေရေလွှဲဆည် အတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်/ဆက်)

 

ge IMG-9e0