ဆန်ဖရန်စစ္စကိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့အတွက် ညမထွက်ရ အမိန့်ထုတ်ပြန်

၃၀ နိုဝင်ဘာ

 

ဆန်ဖရန်စစ္စကိုမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုများနေတဲ့အတွက် ညမထွက်ရ အမိန့်ကို ဒီနေ့ (တနင်္လာနေ့) က စပြီး ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ထုတ်ပြန်ထားကြောင်း မြို့တော်ဝန်က စနေနေ့က ပြောကြားပါတယ်။

 

ညမထွက်ရအမိန့်အား ည ၁၀ နာရီ မှ နံနက် ၅ နာရီအထိ သတ်မှတ်ထားပြီး ညမထွက်ရ အမိန့်အတွင်းမှာ အရေးမကြီးတဲ့ ဆိုင်တွေ ပိတ်ထားရေးနဲ့ မိသားစု တစ်စုနဲ့တစ်စု တွေ့ဆုံမှု မလုပ်ဆောင်ရေးကိုပါ ပါဝင်ကြောင်း သိရပါတယ်။

 

ဆန်ဖရန်စစ္စကို ရှိ ရုပ်ရှင်ရုံတွေ၊ ကဇာတ်ရုံတွေ၊ အားကစားခန်းမတွေ၊ ဘုရားဝတ်ပြုဆောင်တွေ၊ ပြတိုက်တွေ၊ ငါးပြတိုက်နဲ့ တိရစ္ဆာန်ဉယျာဉ်တွေပါ ပိတ်ထားမှာ ဖြစ်ပါတယ်။

 

ဒါပေမယ့် အရေးကြီး ပစ္စည်းဆိုင်တွေနဲ့ ဟင်းသီးဟင်းရွက်ဆိုင်တွေကို ဖွင့်ခွင့်ပေးထားပြီး အဆောင်အအုံအတွင်းမှာ မဟုတ်တဲ့ အားကစားကွင်းတွေ၊ ပန်းခြံတွေနဲ့ ကျောင်းတွေကို ဆက်လက်ဖွင့်ထားမယ်လို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံမှာ ပိုးကူးစက်ခံရသူ ၁၃,၇၅၀,၄၀၄ ဦးနဲ့ သေဆုံးသူ ၂၇၃,၀၇၂ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP