ဆူဒန်နိုင်ငံအလယ်ပိုင်း ယာဉ်မတော်တဆမှုဖြစ်ပွား လူ ရှစ်ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

စက်တင်ဘာ ၁၃

ဆူဒန်နိုင်ငံအလယ်ပိုင်း ဂီဇီရာပြည်နယ်တွင် ယမန်နေ့က ယာဉ်မတော်တဆမှုဖြစ်ပွားသဖြင့် လူရှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆူဒန်ရဲဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အယ်လ်ကမ်လင်ဒေသအနီး ကာတမ်-မီဒါနီအဝေးပြေးလမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီးနှင့် ခရီးသည်တင်မီနီဘတ်စ်တစ်စီးတို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ယာဉ်နှစ်စီးမတော်တဆမှု ဖြစ်ပွားရခြင်းသည် အရှိန်ပြင်းစွာမောင်းနှင်ခြင်းနှင့် မှားယွင်းစွာဖြတ်သန်း မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

ဆူဒန်နိုင်ငံသည် ယာဉ်မတော်တဆဖြစ်မှုများကြောင့်သေဆုံးမှုနှုန်း အများဆုံးနိုင်ငံများတွင် ပါဝင်သည်။ 

ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းတို့သည် အဓိကအားဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်းနှင့် လမ်းများကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို