ဆူဒန်နိုင်ငံတောင်ပိုင်း၌ ရွှေတွင်းပြိုကျမှုဖြစ်ပွားသဖြင့်  လူ ၃၈ ဦးသေဆုံး

ဒီဇင်ဘာ ၂၉

 

ဆူဒန်နိုင်ငံတောင်ပိုင်း အနောက်ကော့ဒိုဖန်ပြည်နယ်တွင် ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယမန်နေ့ကထုတ်ပြန်ထားသည်။

 

အဆိုပါရွှေတွင်းသည် အနောက်ကော့ဒိုဖန်ပြည်နယ်ရှိ အယ်လ်နျူဟတ်မြို့အနီး၊ ဆူဒန်နိုင်ငံ၏မြို့တော် ခါတွမ်း၏အနောက်ဘက် ကီလိုမီတာ ၅၀၀ ခန့်အကွာတွင် တည်ရှိသည်။

 

အနောက်ကော့ဒိုဖန်ပြည်နယ်အစိုးရနှင့် ပြည်နယ်လုံခြုံရေးကော်မတီက ရွှေတွင်းသည် တူးဖော်ရန် မသင့်လျော်သဖြင့် ထိုရွှေတွင်းကိုပိတ်ရန် ဆုံးဖြတ်ချက်ကို ယခင်ကထုတ်ပြန်ခဲ့သည်ဟု ၎င်းကုမ္ပဏီ၏ပြောကြားချက်အရ သိရသည်။

 

ယင်းဆုံးဖြတ်ချက်ချမှတ်ခဲ့သော်လည်း တွင်းလုပ်သားများသည် ထိုရွှေတွင်းသို့ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်ဟု ထိုကုမ္ပဏီကဆိုသည်။

 

ဆူဒန်နိုင်ငံသားအလုပ်သမားဦးရေနှစ်သန်းခန့်သည် ရတ်စီ၊ နာဟာအာနီလ်၊ တောင်ကော့ဒိုဖန်၊ အနောက်ကော့ဒိုဖန်ပြည်နယ်များအပါအဝင် ဆူဒန်နိုင်ငံတစ်ဝန်းရှိ ရိုးရာသတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည်။

 

တရားဝင်ထုတ်ပြန်သောကိန်းဂဏာန်းများအရ ရိုးရာသတ္တုတွင်းတူးဖော်မှုလုပ်ငန်းသည်  တစ်နှစ်လျှင် ၉၃ တန်ကျော်ထုတ်လုပ်ရာ ဆူဒန်နိုင်ငံရှိ ရွှေထုတ်လုပ်မှုစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်ဖြည့်ဆည်းပေးသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို