ဆယ်လ်ဖီကင်မရာနှစ်လုံးပါဝင်တဲ့ ဆမ်ဆောင်း Galaxy A8 စမတ်ဖုန်းသစ်

၁၃ ဇန်နဝါရီ


Galaxy A8(2018)ဟာ ဆမ်ဆောင်းရဲ့ Galaxy A စီးရီးစ်ထဲက နောက်ဆုံးထွက်ဖြစ်ပြီး အရင် Galaxy A ဖုန်းတွေကိုအခြေခံကာ လုပ်ဆောင်ချက်အသစ်တွေ ထပ်ပေါင်းထားတဲ့ စမတ်ဖုန်းသစ်ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာ ဇန်နဝါရီ ၉ ရက်က စတင်မိတ်ဆက်ခဲ့ပါတယ်။


Galaxy A8(2018)ဟာ မျက်နှာပြင်အရွယ်အစားက ၅ ဒဿမ ၆ လက်မရှိပြီး မျက်နှာပြင်အချိုးက 18:5:9 ဖြစ်တာကြောင့် Screen ဟာ အထက်အောက်ပိုရှည်တဲ့ ပုံစံမျိုးဖြစ်သလို Screen ရဲ့ ဘေးပေါင်တွေကလည်း ကျဉ်းတာကြောင့် ဒီဇိုင်းပိုင်းအနေနဲ့ အထက်အောက်ရှည်တဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ Resolution က 1080x2220 ရှိတာကြောင့် ရုပ်ထွက်ပိုင်း အထူးကောင်းမွန်ပါတယ်။


ကင်မရာပိုင်းမှာ နောက်ကင်မရာအနေနဲ့ ၁၆ မဂ္ဂါပစ်ဇယ်အရည်အသွေးရှိတဲ့ F1.7 ကင်မရာကိုတပ်ဆင်ထားပြီး ဆယ်လ်ဖီကင်မရာအနေနဲ့ 16MP+8MP အရည်အသွေးရှိတဲ့ F1.9 ကင်မရာ ၂ လုံးကိုတပ်ဆင်ထားလို့ ဆယ်လ်ဖီကင်မရာပိုင်းကို ပိုအသားပေးထားတဲ့ ဖုန်းဖြစ်ပါတယ် ကင်မရာပိုင်းမှာ Live Focus လုပ်ဆောင်ချက် ကို အသစ်ထပ်မံထည့်သွင်းထားသလို အရည်အသွေးပိုကောင်းစေမယ့် ဆော့ဖ်ဝဲပိုင်း လုပ်ဆောင်ချက်တွေလည်းပါဝင်ပြီး အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အရည်အသွေး ကောင်းတဲ့ပုံတွေရိုက်နိုင်မှာဖြစ်ပါတယ်။


အန်းဒရွိုက်ဗားရှင်းအနေနဲ့ 7.1.1(Nougat)ကို အသုံးပြုထားပြီး Corte-A53 Octa-core CPU နဲ့ RAMက 4GB ပါဝင်ပါတယ်။ အင်တာနယ်မင်မိုရီက 32 GB နဲ့ 64 GB နှစ်မျိုးရှိပြီး မင်မိုရီကတ်ထပ်စိုက်သုံးရင် 246GB အထိ သုံးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

ထူးခြားချက်တွေအနေဲ့ IP68 စနစ် ပါဝင်တာကြောင့် ရေစိုတဲ့ဒဏ်နဲ့ ဖုန်ဒဏ်တွေကို ကာကွယ်နိုင်ပြီး Galaxy A series စမတ်ဖုန်းတွေထဲမှာ Galaxy A8(2018) ဟာ Aamsung Gear VR နဲ့ ပထမဆုံး တွဲဖက်သုံးနိုင်တဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းမှာ Galazy A8(2018) ကို စတင်မိတ်ဆက်တဲ့အနေနဲ့ ဆမ်ဆောင်းက တယ်လီနောနဲ့ပူးပေါင်းပြီး အင်တာနက်ဒေတာ လက်ဆောင်ပေးတဲ့ အစီအစဉ်၊ ကြိုတင်မှာယူသူတွေကို ဘလူးတုစပီကာနဲ့ Power bank လက်ဆောင်ပေးတဲ့ အစီအစဉ်တွေနဲ့ ရောင်းချနေပါတယ်။ Galaxy A8(2018)ကို ကိုယ်ထည်အရောင် အနေနဲ့ အနက်ရောင်၊ ရွှေရောင် နှစ်မျိုးရရှိနိုင်ပြီး ဈေးနှုန်းက ကျပ် ၆၁၅၀ဝဝ ဖြစ်ပါတယ်။


သူရဖြိုး