စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပညာရည်ထူးချွန်ဆု၊ သင်တန်းထူးချွန်ဆု၊ အားကစား ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်၊ ဇူလိုင်

၂၀၁၉ -၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ပညာရည်ထူးချွန်ဆုချီးမြှင့်ခြင်း၊ သင်တန်းထူးချွန်ဆု၊ အားကစား ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က  နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပညာရည် မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အသိပညာ ဗဟုသုတမြင့်မားပြီး၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးကြောင်း၊ နည်းပညာ သစ်များဖြင့် စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုများပြားသည့် ယနေ့ကမ္ဘာကြီးတွင် သားငယ်၊ သမီးငယ် များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချ၍ အစဉ်ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းလို ကြောင်း၊ သင်တန်းထူးချွန်နှင့် အားကစားထူးချွန် ဆုရရှိကြသူများ အနေဖြင့်လည်း ရရှိပြီးဖြစ်သည့် ဂုဏ်ကိုဆက်လက်ထိန်းသိမ်းပြီး ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံတော်၊ ဝန်ကြီး ဌာနနှင့် မိမိတို့၏ဂုဏ်ကို မြှင့်တင်နိုင်ကြသူများ၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို တုံ့ပြန်ပေးဆပ်နိုင် ကြသူများ ဖြစ်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက (၆) ဘာသာဂုဏ်ထူးရရှိသူ (၁၉) ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းတို့က (၅) ဘာသာဂုဏ်ထူးရရှိသူ (၁၉) ဦးကိုလည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများက (၄) ဘာသာဂုဏ်ထူးရရှိသူ (၃၆) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၄၄) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၇၃) ဦး၊ (၁) ဘာသာဂုဏ်ထူး ရရှိသူ (၁၆၈) ဦး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သင်တန်းများတွင် ထူးချွန်ဆုရရှိသူ (၁၂) ဦး၊ ဝန်ကြီး ဌာန အဆင့် ထူးချွန်ဆုရရှိသူ (၇) ဦးနှင့် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြ သည့် ဝန်ကြီး ဌာနကိုယ်စားပြု ဘောလုံးအသင်း၊ အမျိုးသမီးလွန်ဆွဲအသင်း၊ ပြေးခုန်ပစ်အားကစား သမားများကို ဆုများပေးအပ်ချီးမြှင့်ကြပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာသင် ကြားနေကြသော ဝန်ထမ်းသားသမီးများသို့ ပညာသင်ထောက်ပံ့ကြေးများကို ချီးမြှင့်ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသားကျောင်းသူများ၊ သင်တန်းထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆု ရရှိသူများ သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရင်သွေးငယ်များကို ထူးချွန်အောင် ပြုစုပျိုးထောင်ပေးခဲ့ကြသည့် မိဘဝန်ထမ်းများနှင့် ကြိုးစားဖြေဆိုအောင်မြင်ခဲ့ကြ သည် ထူးချွန်သူ ကျောင်းသားကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)