စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တားဆီးရေးကို ဟန်ချက်ညီအောင် ကြိုးစားလုပ်ဆောင်နေတဲ့ ကမ္ဘာ့နိုင်ငံများ

လင်းဟန်သစ်

 

အစောပိုင်းလေ့လာမှုများအရ အိုမီခရွန်ဗိုင်းရပ်စ်သစ်ဟာ အပျော့စား ဖျားနာမှုလောက်သာရှိကြောင်း ဖော်ပြခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အိုမီခရွန်ကိုရိုနာ ဗိုင်းရပ်စ်သစ်က ကျန်းမာရေးစနစ်ကို ဦးဆောင် လွှမ်းမိုးသွားနိုင်ကြောင်း မကြာသေးမီက သတိပေးဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကလည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာခြင်းကို တားဆီးထိန်းချုပ်တဲ့အနေနဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်ကျင့်သုံးလာကြပါတယ်။

 

အလုံပိတ်ကန့်သတ်မှုအောက်မှာ နေထိုင်စေ

 

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အတော်များများနဲ့ ဥရောပနိုင်ငံတွေမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံဟာ ပြည်သူထောင်ပေါင်းများစွာကို အလုံပိတ် ကန့်သတ်ပိတ်ဆို့မှုအောက်မှာ နေထိုင်စေခဲ့ပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံ အတော်များများဟာ စီးပွားရေးပြန်လည်ဦးမော့လာစေရေးနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု တားဆီးရေးကို ဟန်ချက်ညီအောင် ကြိုးစားလုပ်ဆောင် နေရပါတယ်။ ။

 

တားဆီးကန့်သတ်ချက်တွေကို ဆက်လက်ချမှတ်

 

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကူးစက်မှုလက္ခဏာ မပြတဲ့သူတွေကို သီးခြားခွဲခြား နေထိုင်မှုကာလ ထက်ဝက်လျှော့ချပေးခဲ့ပြီး ပြင်သစ်နိုင်ငံမှာတော့ ကုမ္ပဏီအလုပ်သမားတွေကို တစ်ပတ်မှာ အနည်းဆုံးသုံးရက် နေအိမ်မှ အလုပ်လုပ်စေဖို့ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ ။ နှစ်သစ်သို့ဝင်ရောက်လာပြီဖြစ်သဖြင့် ဂျာမနီနိုင်ငံမှာ ထိတွေ့မှုဆိုင်ရာ တားဆီးကန့်သတ်ချက် တွေကို ဒုတိယနှစ်အဖြစ် နှစ်နှစ်ဆက်တိုက် ဆက်လက် ချမှတ်ထားပါတယ်။ ။

 

အိမ်၌နေထိုင်ရန် စည်းကမ်းတွေကို ချမှတ်

 

ကမ္ဘာ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနေရာနှင့် နှိုင်းယှဉ်ကြည့်လျှင် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အများဆုံးနည်းနေသေးတဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ လုံးဝမရှိရေး နည်းဗျူဟာကို ဆက်လက်ချမှတ် အကောင်အထည်ဖော်လျက်ရှိပါတယ်။ ထို့ အတူ Yan'an မြို့ရဲ့ ဒေသအတော်များများမှာလည်း အိမ်၌သာနေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းတွေကို ဆက်လက်ချမှတ်ထားလျက် ရှိပါတယ်။

 

အစာရေစာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေ

 

သေချင်လုနီးပါး အစာရေစာ ပြတ်လပ်နေပြီလို့လည်း တချို့ဒေသခံတွေက လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ ဝီဘိုမှာ ရေးသားဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂၁ လအကြာမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှု အမြင့်ဆုံးနေ့တစ်နေ့ကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ လူထောင်ပေါင်းများစွာဟာ နေအိမ်ကန့်သတ်စောင့်ကြည့်မှု ခြောက်ရက်အတွင်းကို ဝင်ရောက်လာတဲ့ Xi'an မှာရှိတဲ့ လူ ၁၃ သန်းနဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့ပါတယ်။ ။

 

အစာ လုံးဝမရှိတော့ဘူး။ ကျွန်တော့်အိမ်ရာက ကျွန်တော့ကို အပြင်ပေးမထွက်ဘူး။ အသင့်စား ခေါက်ဆွဲထုပ်တွေလည်း ကုန်တော့မယ်။ ကူညီပါဦး ဟု Xi'an ဒေသခံတစ်ဦးက ပြောလိုက်ပါတယ်။

 

မကျေမနပ် ရင်ဖွင့်သံတွေ

 

Xi'an ဒေသခံအတော်များများဟာ အလားတူ မကျေမနပ် ရင်ဖွင့်သံတွေကို လူမှုမီဒီယာပေါ်မှာ ရင်ဖွင့်နေကြပါတယ်။ မကျေမနပ်ရင်ဖွင့်ပြောကြားတဲ့အထဲမှာ ကားမောင်းခွင့် ပိတ်ပင်တားမြစ်ထား တဲ့အကြောင်း၊ သုံးရက်တစ်ကြိမ် တစ်ယောက်သာ ဟင်းသီးဟင်းရွက် စားစရာထွက်ဝယ်ရတဲ့ အကြောင်း စတာတွေလည်း ပါပါတယ်။

 

Xi'an မြို့ဟာ ဝူဟန်မြို့နဲ့ သိပ်မကွာပေမယ့် အခုချိန်ထိ အလုံပိတ်ထားပါတယ်။ ဝူဟန်မှာ အစောပိုင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတုန်းကလည်း အဲဒီမြို့ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။

 

နိုင်ငံအတော်များများမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုတွေ ပြန်ဖြစ်လာတာကတော့ အိုမီခရွန် ဗိုင်းရပ်စ်သစ်ကြောင့်ပဲ ဖြစ်ပါတယ်။

 

ကျန်းမာရေးစနစ်ကို နှောင့်ယှက်မှုတွေဖြစ်စေနိုင်

 

အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုတွေ လျင်လျင်မြန်မြန် ကြီးထွားလာတဲ့အတွက် ရောဂါလက္ခဏာ မပြင်းထန်ဘူးလို့ ဘယ်လောက်ပင် ဆိုစေကာမူ နောက်ဆုံးမှာတော့ အနည်းဆုံးဆေးရုံ တက်ရောက်ရမယ့်သူ အရေအတွက်ဟာ များလာနိုင်ပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးထားတဲ့သူတွေမှာ အဲဒီဒဏ်ကို အများဆုံး ရင်ဆိုင်ခံစားရမှာဖြစ်ပါတယ်။ ထို့အတူ အဲဒီအခြေအနေက ကျန်းမာရေးစနစ်ကို နှောင့်ယှက်ဟန့်တားမှုတွေ အများကြီးဖြစ်စေပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဆိုင်ရာ မန်နေဂျာ ကက်သရင်းစမောဝုဒ်က ပြောပါတယ်။ ။

 

ဥရောပမှာ တားဆီးကန့်သတ်ချက်တွေ ပြန်လည်ချမှတ်

 

နောက်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဥရောပနိုင်ငံတွေဟာ အရင်လို အထိနာနေတဲ့ စီးပွားရေးကြီးကို ရင်ဝယ်ပိုက်ပြီး ကိုဗစ်-၁၉ ကန့်သတ်တားဆီးရေးတွေကို ပြန်လည်လုပ်ဆောင်နေပါတယ်။ ထို့အတူ လူမှုရေးဆိုင်ရာ တားဆီးချက်တွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမြင့်တက်နေတာနဲ့အတူ ပြင်သစ်နိုင်ငံမှာလည်း အိမ်၌နေထိုင်ဖို့ ထုတ်ပြန်ချက်တွေကို ရပ်တန့်လိုက်သော်လည်း အလုပ်သမားတွေကို နေအိမ်၌ အလုပ်လုပ်စေဖို့ တိုက်တွန်းထားပါတယ်။

 

ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေကတော့ ဒေသခံ မဟုတ်တဲ့ ခရီးသွားတွေအတွက် ကိုဗစ်-၁၉ ကင်းစင်ကြောင်း ပြသဖို့လိုအပ်ပါတယ်။

 

ထို့အတူ ဒိန်းမတ်နိုင်ငံမှာလည်း အလားတူ ချမှတ်ထားပါတယ်။ ဂျာမနီနိုင်ငံမှာ ပုဂ္ဂလိက လူစုလူဝေး လုပ်ခြင်းကို လူ ၁၀ ဦးအထိ ကန့်သတ်ထားပါတယ်။ ထို့အတူ နိုက်ကလပ်များ ကိုလည်း ပိတ်ထားပါတယ်။ အားကစားပြိုင်ပွဲတွေ ကိုလည်း အခုအခါမှာတော့ တံခါးပိတ်ကျင်းပမှာ ဖြစ်ပါတယ်။

 

ခရီးသွားကဏ္ဍကိုထိခိုက်

 

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်းတွေကို လျှော့ချဖို့ တစ်ခုခုတော့ လုပ်ဆောင်ရတော့မှာဖြစ်တယ်လို့ ဘာလင်ဒေသခံတစ်ဦးက ပြောပါတယ်။ အခုလို လုပ်ဆောင်ချက်တွေကို လူတိုင်းကတော့ လက်ခံတာ မဟုတ်ပါဘူး။ တချို့ဆိုရင် ဆန္ဒပြမှုတွေတောင် လုပ်နေကြပါတယ်။

 

လူမှုရေးကိစ္စကို နှောင့်ယှက်ရုံတင် မကပါဘူး၊ ကိုဗစ်-၁၉ ကပ်ရောဂါဟာ စီးပွားရေးကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားကဏ္ဍကိုထိခိုက်စေပါတယ်။

 

တချို့လေကြောင်းလိုင်းတွေဆိုရင် ပြေးဆွဲမှုတွေ ရပ်ဆိုင်းလိုက်ရတဲ့အတွက် ဆုံးရှုံးမှုတွေ အတော် များများနဲ့ ကြုံတွေ့နေရပါတယ်။ ။

 

နိုင်ငံအတော်များများမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကို ဆက်လက်စောင့်ကြည့်ရင်း တစ်ဖက်ကလည်း စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နေရပါတယ်။ အဲဒီလိုမှမလုပ်ရင်လည်း လူမှုရေးရာ စီးပွားရေးရော နှစ်ဖက်စလုံး အကျဘက်သို့ ရောက်ရှိသွားမှာဖြစ်ပြီး အကြီးအကျယ်ထိခိုက် ပျက်စီးစေမှာ ဖြစ်ပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ