စီးပွားရေးပိတ်ဆို့မှု မရုတ်သိမ်းလျင် ဆွေးနွေးမည် မဟုတ်ဟု  ရိုဟာနီ ဆို

၂၆ စက်တင်ဘာ

 

 

ဝါရှင်တန်သည် အီရန်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ထိုသို့မဟုတ်လျှင် အမေရိကန်ပြည်ထောင်စုနှင့် မည်သည့် ဆွေးနွေးပွဲမှ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောကြားခဲ့သည်။

 

 

ယမန်နေ့က နယူးရောက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ ညီလာခံတွင် အဆိုပါ မှတ်ချက်စကားကို ရိုဟာနီက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

၂၀၁၅ ခုနှစ်က နျူကလီးယား သဘောတူညီချက်အတွက် အမေရိကန် ပြည်ထောင်စုက ပြန်လည်ဆွေးနွေးရန်  ဖြစ်နိုင်ခြေ တစ်ခုဖြစ်ကြောင်း စေ့စပ်မှုကို ဆွေးနွေးညှိနှိုင်းရန် ငြင်းဆန်နေသမျှ ကာလပတ်လုံး ပိတ်ဆို့မှုများကို အမေရိကန်မှ လုပ်ဆောင်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

အီရန်သမ္မတနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးရန်မှာ ဖြစ်နိုင်ခြေ မရှိသေးကြောင်း မှတ်ချက်ပြုထားကြောင်း အဖြေထွက်လာသည်။

 

 

အမေရိကန်ပြည်ထောင်စု၏ ဆက်ဆံပုံကို မူတည်ပြီး အီရန်နိုင်ငံနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သို့သော်လည်း ရိုဟာနီကမူ တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။ အီရန်နိုင်ငံအတွက် အမေရိကန် ပြည်ထောင်စု၏ တောင်းဆိုချက်များသည် အကျိုးခံစားခွင့် ရရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1