စီပီယူများနှင့် အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်း

၈ ဇန်နဝါရီ

 

စီပီယူ (CPU) ဟု ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ နှင့် အဖွဲ့အစည်းများတွင် အများသိပြီး အသိများနေသော အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units - CPUs)၏ ဖြစ်ထွန်းတိုးတက်မှုနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ကျွမ်းကျင်မှုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဖြင့် တစ်နည်း၊ သတင်းဆောင်းပါးများဖြင့်တစ်သွယ် သတင်းအချက်အလက်များ မျှဝေလျက်ရှိပါသည်။ ယခုအခါ စီပီယူလုပ်ငန်းများ စတင်လည်ပတ်လျက်ရှိသည်ကို ကျေနပ်ဖွယ်တွေ့ရှိရပါသည်။

 

စီပီယူများ၏ အဓိကလုပ်ငန်းတာဝန်များ

 

စီပီယူများ၏ အဓိကလုပ်ငန်းတာဝန်များ အနေဖြင့် (၂၆-၈-၂၀၁၉) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ပါရှိသော ဆောင်းပါးကို အကိုးအကား ပြုမည်ဆိုလျှင် စီပီယူများသည် အဂတိလိုက်စားမှု ပြဿနာပေါ်ပေါက်နိုင်သော အခြေအနေကို ဖော်ထုတ်ရန်၊ ပြဿနာများကို သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန်နှင့် အဂတိလိုက်စားမှု ဘေးအန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်ရန်၊ လျော့ကျစေရန် ပြုပြင်ပြောင်းလဲရန်တို့ ဖြစ်ပါသည်။

 

အဆိုပါ လုပ်ငန်းတာဝန်များအနက် အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှုဆန်းစစ်ခြင်း (Corruption Risk Assessment - CRA) လုန်ငန်းကို အများနည်းလည် သဘောပေါက်စေရန်အလို့ငှာ ဝက်ဘ်ဆိုက်အချို့တွင် ရှာဖွေတွေ့ရှိရသော အချက်အလက်များကို မျှဝေလိုပါသည်။

 

စီအာရ်ဆိုသည်မှာ

 

အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု (Corruption Risk -CR) ကို ဦးစွာရှင်းလင်းလိုပါသည်။ စီအာရ်သည် အခြားသော ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးစသည်တို့ဆိုင်ရာ Risks များနှင့် ကွာခြားမှု မရှိသော်လည်း အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု (စီအာရ်)ကမူ ပိုမိုဆိုးရွားသော သို့မဟုတ် စိုးရိမ်ရာ Risks အမျိုးအစားတွင် ပါဝင်ပါသည်။ )

 

ကိုယ်ကျင့်သိက္ခာနှင့်မညီသော ပြုမူလုပ်ဆောင်ချက်နှင့် ကျင့်ဝတ်ချိုးဖောက်မှုအပါအဝင် အဂတိ လိုက်စားသော အပြုအမူ၏ ပိုမိုကျယ်ပြန့်သည့် ယူဆချက်တွင် Risk များ ဧကန်အမှန် ဖြစ်လာရခြင်းမှာ ပြစ်မှုကျူးလွန်ရန် သို့မဟုတ် အဂတိလိုက်စားရန် ရည်ရွယ်ချက်သာမက သက်မွေးဝမ်းကျောင်းမှု စွမ်းဆောင်ရည်နှင့် လေ့ကျင့်မှု၊ ပညာပေးမှု၊ မှန်ကန်သော လမ်းညွှန်မှုနှင့် ကြီးကြပ်မှုများ လျော့နည်းခြင်းများကြောင့်လည်းဖြစ်နိုင်ပြီး ပေါ့လျော့မှုသက်သက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု SEE2020Series က ဆိုထားပါသည်။

 

စီအာရ်သည် အစိုးရဌာန အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများနှင့် လှုပ်ရှားမှုများအားလုံးနီးပါး တွင် ရှိနေနိုင်ပါသည်။ ထို့ပြင် P-P-P ဟု ခေါ်သော အစိုးရ-ပုဂ္ဂလိက လက်တွဲဆောင်ရွက်မှုများအပါအဝင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်ဆံမှုရှိသော အစိုးရဌာန အဖွဲ့အစည်းများတွင် စီအာရ် ဥပမာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်ခြေရှိမှု ပိုမို၍ပေါ်ပေါက်နိုင်ပါသည်။ ယင်းသို့သော အခြေအနေတွင် အဆိုပါဌာန အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ မူလပင်ရင်းစီအာရ်များအပြင် ယင်းသို့ လက်တွဲဆောင်ရွက်မှုနှင့် ဆက်စပ်ဖြစ်ပေါ်သည့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုများကို စီမံခန့်ခွဲနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။

 

စိုးရိမ်ရပြီး ပုံမှန်စီအာရ်အမျိုးအစားအချို့တွင် ဌာနဆိုင်ရာဝန်ထမ်းက လာဘ်တောင်းခြင်း၊ လာဘ်ယူ ခြင်း၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် ရာထူးအာဏာ အလွဲသုံးခြင်း၊ ပုဂ္ဂလိကအကျိုးစီးပွားအတွက် အများ ပြည်သူဆိုင်ရာ ဘဏ္ဍာရန်ပုံငွေကို အလွဲသုံးစားပြုခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော သို့မဟုတ် ကျင့်ဝတ်သိက္ခာနှင့် မညီသော ပြင်ပဩဇာလွှမ်းမိုးမှု သို့မဟုတ် ဌာနဆိုင်ရာ ဝန်ထမ်းအပေါ် ဖိအားပေးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခ ဖြစ်မှုများ ပါဝင်ပါသည်။ ပုံမှန်တွေ့ရှိရသော စီအာရ် အမျိုးအစားများအချို့ကိုသာ ဖော်ပြနိုင်ပြီး မျက်မှောက် ဒစ်ဂျစ်တယ်ကမ္ဘာ ခေတ်ကာလတွင် ပုံမှန်မဟုတ်သော စီအာရ်များလည်း ပေါ်ပေါက်နိုင်သည်ဖြစ်ရာ လုံးဝပြီးပြည့်စုံသော စီအာရ်အမျိုးအစားစာရင်းကိုမူ ပြုစုနိုင်ရန် မလွယ်ကူကြောင်း သတိပြုသင့်ပါသည်။

 

စီအာရ်အေဆိုသည်မှာ

 

www.gateway.transparency.org က စီအာရ်အေ ဆိုသည်မှာ အဂတိလိုက်စားမှု အခွင့်အလမ်းများ ပေါ်ပေါက်နိုင်သည့် စနစ်တစ်ခုအတွင်း အားနည်းချက်များကို အမျိုးအမည်ခွဲခြားဆုံးဖြတ်ရန် ရှာဖွေသော လက်သုံး ကိရိယာဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ စီအာရ်အေသည် အခြားသော အဂတိလိုက်စားမှု ဆန်းစစ်ခြင်း လက်သုံးကိရိယာများနှင့် မတူသည့်အချက်မှာ စီအာရ်အေသည် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို ဆန်းစစ်ရာတွင် ထင်မြင်ယူဆချက်ထက် ဖြစ်ပေါ်နိုင်ခြေများမှုအပေါ် စူးစိုက်သည့် လက်သုံးကိရိယာ ဖြစ်ပါသည်။

 

စီအာရ်အေသည် အဂတိလိုက်စားမှုကျူးလွန်မှုကို အရေးယူအပြစ်ပေးခြင်းဟူသော အကျင့်ပျက်သည့် အလေ့ အကျင့်ကို တန်ပြန်ပြစ်ဒဏ်ခတ်သည့် Reactive Measure မျိုးမဖြစ်စေရန်အတွက် သက်ဆိုင်သည့် ဥပဒေစည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများတွင် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်ရှိမှုကို လေ့လာဆန်းစစ်ပြီး ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုတင်လုပ်ဆောင်သည့် Proactive Measure ဖြစ်ပါသည်။ ပြစ်ဒဏ်ချမှတ်မှု တစ်ခုသည် ဆုံးရှုံးသွားသည့် ပြည်သူတို့၏ယုံကြည်မှုနှင့် ပေးဆပ်လိုက်ရသည့် ဌာနအဖွဲ့အစည်း၏ ပုံရိပ်ကျဆင်းမှုတို့ကို မည်သို့မျှပြန်လည်မရရှိနိုင်ပါ၊ မည်သည့်အရာနှင့်မျှလည်း အစားထိုး၍ မရနိုင်ပါ။

 

စီအာရ်အေ၏အကျိုးကျေးဇူးများ

 

အကျိုးသက်ရောက်မှုရှိသော စီအာရ်အေ ယန္တရားသည် သက်ဆိုင်ရာအာဏာပိုင်များက မိမိတို့၏လုပ်ငန်းတာဝန်ကို လွတ်လပ်၍မျှတစွာ လုပ်ဆောင်နေကြောင်း ယုံကြည်မှု၊ လေးစားမှုကို မြှင့်တင်ပေးခြင်းနှင့် အဆင့်မြင့်ဌာနဆိုင်ရာ အကြီးအကဲများအား ယင်းသို့ဆန်းစစ်မှုက မိမိတာဝန်ယူထားသော ဌာနအဖွဲ့အစည်းကို စနစ်တကျနှင့် နေရာတကျဖြစ်စေခြင်း အကျိုးကျေးဇူးများ ရရှိစေပါသည်။ စီအာရ်အေဆောင်ရွက်ခြင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ခြင်း၊ ကျင့်ဝတ်သိက္ခာနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုကိစ္စရပ်များကို မိမိ၏လုပ်ငန်းစဉ်တွင် ထားရှိစေခြင်း အကျိုးကျေးဇူးများကိုလည်း ဖြစ်ပေါ်စေပါသည်။ ထို့ပြင် သာမန်အန္တရာယ်ရှိနိုင်ခြေများကို ဖော်ထုတ်ပေးနိုင်စွမ်းကြောင့် ပြုပြင်ပြောင်းလဲမှုနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုတို့အတွက် စေ့ဆော်မှု၊ အတွေးအခေါ်များနှင့် အခြေခံများလည်း ဖြစ်ပေါ်စေပါသည်။

 

စီအာရ်အေကို ကောင်းမွန်ကျနစွာ ဆောင်ရွက်နိုင်မည်ဆိုလျှင် ယင်းသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ပေါ်လစီ၏အရေးပါပြီး အကျိုးရှိသော အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါသည်။ စီအာရ်အေ ဆောင်ရွက်မှုတစ်ခုတည်းကြောင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ကောင်းမွန်သော စည်းမျဉ်း၊ ကောင်းမွန်သော ဌာနတွင်းလုပ်ငန်းစဉ်များကို အစားထိုးနိုင်သည်ဟု မဆိုနိုင်သော်လည်း စီအာရ်အေ၏ အဓိကအကျိုးကျေးဇူးတစ်ခုသည် အဂတိလိုက်စားမှုနှင့် ကျင့်ဝတ်သိက္ခာရှိမှု၊ ဖြောင့်မတ်တည်ကြည်မှု အခြေအနေအပေါ် ပိုမိုနားလည်နိုင်စွမ်း ရှိလာခြင်းပင် ဖြစ်ပါသည်။

 

လက်သုံးကိရိယာ CPU များအား စီအာရ်အေလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိသော်လည်း အစိုးရဌာနအများစုသည် မည်သည့်နေရာမှစပြီး လုပ်ကိုင်ဆောင်ရွက်ရမည်ကို ဘဲဥအစရှာမရသကဲ့သို့ ဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။ စီအာရ်အေသည် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအတွက် လက်သုံးကိရိယာ (preventive tool) တစ်ခုဖြစ်ရာ၊ ယင်းသို့ဆန်းစစ်မှုပြုလုပ်နိုင်ရန် မိမိတို့နှင့်သက်ဆိုင်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်စသည်တို့တွင် လာဘ်ပေး လာဘ်ယူဖြစ်နိုင်ခြေရှိသော၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသော ဟာကွက်၊ ပျော့ကွက်များကို ခွဲခြားဖော်ထုတ်ရန် ဖြစ်ပါသည်။ ပြဋ္ဌာန်းဥပဒေမည်သည် ပြင်ဆင်ပြောင်းလဲရန် အဆင့်များစွာဖြင့် အချိန်ယူရသည်ဖြစ်ရာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးဥပဒေ (Administrative law)၏ သဘော သဘာဝအရ တစ်ဆင့်ခံဥပဒေပြုအာဏာ (Subordinate legislative power) ရရှိသည့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဌာနအဖွဲ့အစည်းများသည် မိမိတို့ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်စသည်တို့ကို ရှေ့ပြေးစီမံကိန်းသဘောမျိုး စီအာရ်အေ စမ်းသပ်လုပ်ဆောင်ရန် စဉ်းစားသင့်ပါသည်။ အထူးသဖြင့် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဝန်ဆောင်မှုပေးသည့် အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် လုပ်ဆောင်သင့်ပါသည်။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းလျက်ရှိသည့် ကိုရီးယား သမ္မတနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (Anti-Corruption and Civil Rights Commission- အေစီအာရ်စီ)၏ စီအာရ်အေ နည်းလမ်းဖြင့် အဂတိလိုက်စားမှု ကြိုတင်တားဆီး ဆောင်ရွက်မှုကို ထပ်မံ၍မျှဝေလိုက်ပါသည်။

 

အေစီအာရ်စီသည် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများတွင် အဓိကနယ်ပယ် လေး ရပ်ဖြစ်သည့် လိုက်နာမှု (Compliance)၊ အကောင်အထည်ဖော်ဆောင်မှု (Execution)၊ အုပ်ချုပ်မှုလုပ်ထုံးလုပ်နည်းများ (Administrative procedures)နှင့် ထိန်းချုပ်ခြင်း (Corruption Control) တို့ကို ကြည့်ရှုစစ်ဆေးပါသည်။ ယင်းနယ်ပယ်တစ်ခုစီအတွက် criteria ခေါ် စံနှုန်းများ သတ်မှတ်ပြီး စံနှုန်းတစ်ခုစီအတွက် စစ်ဆေးမှုစာရင်း (Checklist) ထားရှိပါသည်။

 

ဥပမာအနေဖြင့် လိုက်နာမှုနယ်ပယ် (Compliance) ကို လေ့လာလျှင် citeria သုံးခု ရှိသည့်အနက် မျက်နှာသာ ပေးဆက်ဆံမှု၊ ဖြစ်ထွန်းနိုင်ခြေရှိမှု (Possibility of preferential treatment) ogs:en Checklist oz& (၁) လူတစ်ဦးတစ်ယောက်အား ဥပဒေအရဖြစ်စေ၊ လက်တွေ့ဖြစ်စေ အကျိုးခံစားခွင့် သို့မဟုတ် အခွင့်အရေးပေးမှု (benefits or favours) ရှိ၊ မရှိ၊ (၂) ယင်းသို့ ဖြစ်စေရန် အကျိုးခံစားခွင့်၊ အခွင့်အရေးများ ဖန်တီးထားသည့် သတ်မှတ်ချက်များတွင် လက်ခံရရှိသူများ၊ လုပ်ထုံးလုပ်နည်းများ၊ ရည်ရွယ်ချက်များကို ရှင်းလင်းကျနစွာ သတ်မှတ်ထားခြင်း ဟုတ်၊ မဟုတ်၊ (၃) အခြား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် နှိုင်းယှဉ်လျှင် အကျိုးခံစားခွင့်၊ အခွင့်အရေးများက အုပ်စုအချို့ အတွက်သာ ကန့်သတ်ထားခြင်း ဖြစ်၊ မဖြစ်၊ (၄) အခြား ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်နှိုင်းယှဉ်လျှင် အကျိုး ခံစားခွင့်၊ အခွင့်အရေးများက ပမာဏနှင့် အတိုင်းအတာ လွန်ကဲခြင်း ရှိ၊ မရှိနှင့် (၅) အဂတိလိုက်စားနိုင်ရန်ချိန်ရွယ် ထားသကဲ့သို့ရှိသည့် မျက်နှာသာပေးမှု သို့မဟုတ် အကျိုးခံစားခွင့်များကို ထိန်းချုပ်ရန် သီးခြားယန္တရား တစ်ရပ်ထားရှိရန် လိုအပ်မှု ရှိ၊ မရှိတို့ကို ထည့်သွင်းပြီး ဆန်းစစ်ကြောင်း တွေ့ရှိရပါသည်။

 

အစီအာရ်စီ၏အုပ်ချုပ်မှု လုပ်ထုံးလုပ်နည်းများ

 

ဆက်လက်၍ အုပ်ချုပ်မှုဌာနများနှင့် နီးစပ်မှုရှိနိုင် သည့် အေစီအာရ်စီ၏အုပ်ချုပ်မှု လုပ်ထုံးလုပ်နည်းများ (Administrative procedures) နယ်ပယ်တွင် ဆန်းစစ်မှု ပြုလုပ်ခြင်းကို လေ့လာကြည့်မည်ဆိုလျှင် လက်လှမ်းမီမှု (Accessibility)၊ ဖွင့်လှစ်ချပြမှု (Openness)နှင့် ကြိုတင် ခန့်မှန်းနိုင်မှု (Predictability) စံနှုန်း သုံးခုအနက် ဖွင့်လှစ် ချပြမှုစံနှုန်း၏ Checklist တွင် (၁) သတင်းအချက်အလက် oposcusso Scoto (Information disclosure) os ကိုင်တွယ်သည့် လုပ်ထုံးလုပ်နည်းများအတွက် သီးခြား ယန္တရား ရှိ၊ မရှိ၊ (၂) သတင်းအချက်အလက်ထုတ်ဖော် အသိပေးမှုကို သီးခြားအကျိုးသက်ဆိုင်သူ အုပ်စုများ အတွက်သာ ကန့်သတ်ထားရှိမှု ဖြစ်၊ မဖြစ် ယင်းအတိုင်း အတာကိုတိုးချဲ့ရန် လိုအပ်၊ မလိုအပ်၊ (၃) သီးခြားသတင်း အချက်အလက် ထုတ်ဖော်အသိပေးသည့်စနစ် မထားရှိခြင်း သို့မဟုတ် မလိုအပ်ဟုယူဆခြင်းအတွက် မှန်ကန်ကြောင်း ကျိုးကြောင်းခိုင်လုံမှု ရှိ၊ မရှိနှင့် (၄) အနာဂတ် ကာလအတွက် အုပ်ချုပ်မှု လုပ်ထုံးလုပ်နည်းများ၏ ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် သတင်းအချက်အလက် ထုတ်ဖော်အသိပေးမှု စနစ်တစ်ခုဖော်ဆောင်ရန် လိုအပ်၊ မလိုအပ်တို့ကို စစ်ဆေးရန်ဖြစ်ပါသည်။

 

ကြိုတင်ခန့်မှန်းနိုင်မှု (Predictability) စံနှုန်း၏ Checklist တွင် (၁) ဥပဒေပြဋ္ဌာန်းချက်များ၌ ပြည်သူတို့၏ အသနားခံစာများ၊ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို လျှောက်ထားရန်လိုအပ်သော အထောက်အထားများနှင့် အချိန်ကာလသတ်မှတ်ချက် ပါ၊ မပါ၊ (၂) အုပ်ချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့်သတ်မှတ်ချက်များ၏ အဓိပ္ပာယ်ကို အများပြည်သူက အလွယ်တကူနားလည် နိုင်မှု ရှိ၊ မရှိ၊ (၃) အများပြည်သူက ကြိုတင်ခန့်မှန်းနိုင်မှုနှင့် နားလည်မှုကို အားနည်းစေနိုင်သော ခက်ခဲသည့် သို့မဟုတ် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများ သုံးထားသည့်အတွက် မှန်ကန်ကြောင်း ကျိုးကြောင်းခိုင်လုံမှု ရှိ၊ မရှိ၊ (၄) ကြိုတင်ခန့်မှန်းနိုင်ရန် နည်းပါးခြင်းအတွက် မှန်ကန်ကြောင်း ကျိုးကြောင်းခိုင်လုံမှု ရှိ၊ မရှိနှင့် (၅) ယင်းသို့နည်းပါးခြင်းကြောင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်၏ ဘေးထွက်ဆိုးကျိုးများကို တားဆီးကာကွယ်ရန် ပိုကောင်းလာစေမည့် ဆောင်ရွက်ချက်များ လိုအပ်မှုရှိ၊ မရှိတို့ ပါဝင်ပါသည်။

 

ကိုရီးယားနိုင်ငံ၏ စီအာရ်အေတွင် နယ်ပယ် လေးရပ် ခွဲခြားပြီး ဆန်းစစ်သော်လည်း မိမိတို့အတွက် ယင်းနယ်ပယ် လေးရပ်လုံး လိုအပ်မည်ဟု သတ်မှတ်၍ မရနိုင်ပါ။ မိမိတို့၏ နောက်ခံအနေအထားနှင့် အပ်စပ်မှု ရှိသလောက် နယ်ပယ်နှင့် စံနှုန်းများနှင့် မိမိတို့နှင့် အသုံး တည့်မည့် နယ်ပယ်နှင့် စံနှုန်းများကိုသာ စဉ်းစားသင့်ပါသည်။ အေစီအာရ်စီအား ဥပဒေအရ အဂတိလိုက်စားမှု၏ အန္တရာယ်ရှိမှုများကို လူထုအသိပညာပေးရေးမြှင့်တင်ရန်နှင့် စီအာရ်အေဆောင်ရွက်ရန် လုပ်ပိုင်ခွင့်အပ်နှင်းထားသည့်အတွက် ဥပဒေပြဋ္ဌာန်းရန် သို့မဟုတ် ပြင်ဆင်ရန် ရည်ရွယ်သည့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများသည် သက်ဆိုင်သည့် အဆိုပြုလွှာနှင့် အချက်အလက်များကို အေစီအာရ်စီသို့ ပေးပို့ပြီး ဆန်းစစ်ခြင်းခံရကြောင်း၊ စီအာရ်အေဆန်းစစ်မှုတွင် အစိုးရဝန်ကြီးဌာနများမှ အဆိုပြုသော ဥပဒေမူကြမ်းများနှင့် တည်ဆဲဥပဒေများလည်း အကျုံးဝင်ကြောင်း၊ အေစီအာရ်စီက ဆန်းစစ်မှု ပြုလုပ်ပြီးလျှင်ရလဒ်နှင့် ထောက်ခံတင်ပြချက်များကို အစိုးရဌာနများအား မျှဝေအသိပေးကြောင်း လေ့လာတွေ့ရှိရပါသည်။

 

အကြံပြုတင်ပြချက်

 

စီပီယူများအနေဖြင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်းလုပ်ငန်းကို အများပြည်သူနှင့် ထိတွေ့ဆက်ဆံမှုများပြီး ပြည်သူ့ဝန်ဆောင်မှုပေးရသော ရုံးဌာနများမှ စတင်ခြင်းက ပိုမိုလွယ်ကူနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ထုံးလုပ်နည်းများ၊ အမိန့်၊ ညွှန်ကြား ချက်များကိုဆန်းစစ်ရန် Checklist ထားရှိ ဆောင်ရွက်သင့်ပါသည်။

 

များမကြာသေးမီက စီပီယူများအား ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် အိုင်စီတီအခြေပြု အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းယန္တရား (ICT-based Proactive Beneficiary/Citizen Engagement - PBE အတွက် စီပီယူများ၏ လက်သုံးကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ရန် မိတ်ဆက်ပေးခဲ့ပြီး ယခုအခါ လက်တွေ့ လည်း စမ်းသပ်လည်ပတ်မှု လုပ်ဆောင်နေကြပြီ ဖြစ်ပါသည်။ PBE သည် မိုဘိုင်းဖုန်းမှတစ်ဆင့် ဌာနဆိုင်ရာ၏ ဝန်ဆောင်မှုအပေါ် တုံ့ပြန်မှုကို ပြည်သူထံမှ ရရှိနိုင်သည့် နည်းလမ်းဖြစ်၍ စီပီယူများအနေဖြင့် မိမိဌာနအဖွဲ့အစည်း၏ ဝန်ဆောင်မှုပေးမှုအပေါ် ပြည်သူ့ထံဆက်သွယ်ပြီး တုံ့ပြန်မှု (feedback) ရယူခြင်းဖြင့် လုပ်ငန်းဆောင်တာများ၏ ဟာကွက်၊ အားနည်းချက်များကို သိရှိနိုင်ပြီး စီအာရ်အေလုပ်ငန်းတွင် ထည့်သွင်းဆက်စပ်အသုံးပြုရန်လည်း ဖြစ်နိုင်ကြောင်း အကြံပြုလိုပါသည်။ ယခုမိတ်ဆက် ထားသည့် PBE ယန္တရားမှာ ပြည်သူ့အသံကို အလေးတယူ နားထောင်ပေးခြင်း ဖြစ်ပါသည်။ ။

 

ဌာနဆိုင်ရာ CPU များအနေဖြင့် စီအာရ်အေဆောင်ရွက်နိုင်ရန် အထက်တွင် ဖော်ပြသည့်အတိုင်း နယ်ပယ်ခွဲပြီး Checklist လုပ်ရန် တိုက်တွန်းလိုပါသည်။ Checklist သည် ဌာနအဖွဲ့အစည်းများနှင့် မ “စိမ်းပါ။ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်

 

ဖော်ဆောင်မှုသုံးသပ်ခြင်း (Review) လုပ်ငန်းစဉ်တွင် ( အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့်အတူ ပုဂ္ဂလိကကဏ္ဍအပါအဝင် ဆက်စပ်သောဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပေါင်းစည်းဖြေဆိုထားသည့် Self-Assessment Checklist အပေါ် နိုင်ငံဆိုင်ရာ သုံးသပ်မှု အစီရင်ခံစာထုတ်ပြန်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်ရစေလိုပါသည်။

 

စီအာရ်အေလုပ်ဆောင်ရာတွင် ဘာသာရပ် (သို့မဟုတ်) နယ်ပယ်အပေါ်မူတည်ပြီး Risk သတ်မှတ်ချက်ကလည်း ကွဲပြားသွားနိုင်ပါသည်။ ဥပမာ ကုန်သွယ်မှု (trade) ( နယ်ပယ်တွင် အကောက်ခွန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ထား၍ မရနိုင်အောင် အကာအကွယ်မဲ့စေပါသည်။ လုပ်ငန်း ချောမွေ့စေရန်ပေးရသော အဖိုးအခများမှအစ အစစ်အမှန် မဟုတ်သည့် ကြေညာလွှာများ၊ ကုန်ပစ္စည်းအတုများ၊ တရားမဝင်ကုန်ပစ္စည်းများနှင့် လာဘ်ပေးမှုများအထိ တွေ့နိုင်သည့်အတွက် အဂတိလိုက်စားမှုကလည်း ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နိုင်ပါသည်။ စီအာရ်အေလုပ်ငန်းအတွက် အကောက်ခွန် (Customs)၊ ကုန်စည်ကုန်သွယ်ရေး (Trade in Goods)၊ ဝန်ဆောင်မှုကုန်သွယ်ရေး (Trade in Services)၊ ရင်းနှီးမြှုပ်နှံမှု (Investment) စသည်ဖြင့်ကဏ္ဍများ၊ နယ်ပယ်များ ခွဲခြားဆောင်ရွက်သင့်ပါသည်။ ဌာနအလိုက်ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များကို Stock – taking ပြုလုပ်ပြီး ကဏ္ဍအလိုက် Checklist ပြုစုသင့်ပါသည်။ လိုအပ်သည်ထက်ပိုပြီး အထောက်အထား စာရွက်စာတမ်းများ တောင်းခံခြင်းမျိုး၊ အချိန်ဆွဲထားခြင်း မျိုး၊ အဆင့်များစွာသတ်မှတ်ထားခြင်းမျိုး စသည်တို့ကြောင့် အကျင့်စာရိတ္တပျက်ပြားနိုင်သည်။ တစ်နည်းအားဖြင့် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိနိုင်သည်ဖြစ်ရာ ပြည်သူနှင့် ထိတွေ့လုပ်ကိုင်ဆောင်ရွက်ရသော အောက်ခြေရုံးများ၏ အခက်အခဲများကိုလည်း အထက်ရုံးများမှ နားထောင်ပေးမှသာ စီအာရ်အေလုပ်ငန်းအတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

 

စီအာရ်အေ ဆောင်ရွက်ကြရာတွင် ချဉ်းကပ်ပုံနည်းလမ်းများ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူကြဘဲ ကိုယ်သန်ရာ နည်းလမ်းကို အသုံးပြုကြခြင်းဖြစ်ရာ၊ အချို့က စီအာရ်အေ ကိုအခြေခံအရင်းအမြစ်ဖြစ်သည့် စစ်တမ်းများ၊ မေးခွန်းလွှာများ၊ Checklist များ၊ စံသတ်မှတ်ချက်များဖြင့် ဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုကြပြီး အချို့က တစ်ဆင့်အရင်း အမြစ်ဖြစ်သည့် သုတေသနပြုလုပ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းနည်းလမ်းကို အသုံးပြုကြကြောင်း လေ့လာ အသုံးပြုလျက်ရှိသည့် စီအာရ်အေလုပ်ငန်းစဉ်ကမူ မိမိတို့နှင့် အနီးစပ်ဆုံးဖြစ်နိုင်မည်ဟု ယူဆပါသည်။ ကိုရီးယား နိုင်ငံ၏ စီအာရ်အေကို အသေးစိတ်လေ့လာနိုင်ရန် UNDP Seoul Policy Center မှ ပြုစုထားသော Introduction to Korea's Corruption Risk Assessment: A tool to analyze and reduce corruption risks in laws and regulations ကို ရည်ညွှန်းလိုပါသည်။

 

စီအာရ်အေ ဆောင်ရွက်ခြင်းအကျိုး

 

စီအာရ်အေကို အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ရှိ ဌာန အဖွဲ့အစည်းများသာမက ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့်လည်း ဆောင်ရွက်နိုင်မည်ဟု ယူဆပါသည်။ တစ်ဖက်တွင် အုပ်ချုပ်ရေးဌာနအဖွဲ့အစည်းများက စီအာရ်အေဆောင်ရွက်ခြင်းက လက်တွေ့ကျသည့်အတွက် ထိရောက်စေသည်ဟုဆိုနိုင်ပြီး အခြားတစ်ဖက်တွင် ဥပဒေပြုမဏ္ဍိုင်က လုပ်ဆောင်သည့် စီအာရ်အေက မူဥပဒေကြောင်းသုံးသပ်မှု လုပ်ငန်းစဉ် (legislative review process) နှင့် ချိတ်ဆက်နိုင်စွမ်းရှိခြင်းကြောင့် ယင်းစီအာရ်အေ ဆောင်ရွက်မှုကလည်း ထိရောက်စေသည်ဟု ဆိုနိုင်ပါသည်။

 

အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်ခြင်းကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လက်သုံး ကိရိယာအဖြစ် အသုံးပြုခြင်းသည် လက်တွေ့ကျပြီးလုပ်လည်းလုပ်နိုင်မည် (practical and doable) ဟု လက်ခံယုံကြည်၍ လေ့ကျင့်ခန်းတစ်ခုကဲ့သို့ ဆောင်ရွက်နိုင်လျှင် ဌာနဆိုင်ရာဝန်ထမ်းများသည် စီအာရ်အေကို အမှန်ပင် ရင်းနှီးကျွမ်းကျင်လာမည် ဖြစ်ပါကြောင်းနှင့် စီပီယူများသည် စီအာရ်အေလုပ်ငန်းအတွက် ရဲဝံ့ ပြတ်သားသော Bold Measures များ ချမှတ်လုပ်ကိုင်

 

ဆောင်ရွက်ရန် အောင်မြင်ပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်အပ်ပါသည်။

 

မြတ်မြတ်စိုး