၁၇ ဇန်နဝါရီ
ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့မှာ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစူပါ ဖလားဗိုလ်လုပွဲတွင် ဂျူဗင်တပ် အသင်းမှာ ၎င်း၏ စီးရီးအေပြိုင်ဘက် အသင်းဖြစ်သည့် အေစီမီလန်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အီတလီစူပါဖလားကို ဆွတ်ခူးရရှိခဲ့သည်။
ဂျူဗင်တပ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး စီရော်နယ်ဒိုက ပွဲကစားချိန် ၆၁ မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့သည်။ ပြီးခဲ့သည့် နွေရာသီကာလတွင် အသင်းကို ရောက်ရှိလာခဲ့သည့် စီရော်နယ်ဒိုအတွက် ဂျူဗင်တပ်အသင်းနှင့်အတူ ပထမဆုံးယူနိုင်ခဲ့သည့် ဆုဖလားဖြစ်လာခဲ့သည်။
ဂျူဗင်တပ်အသင်းသည် အီတလီစူပါဖလားကို အေစီမီလန် အသင်းနှင့်အတူ ချန်ပီယံ(၇)ကြိမ်စီ ရယူထားနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၉ အီတလီစူပါဖလားကို ဂျူဗင်တပ်အသင်းက ရရှိရာ (၈)ကြိမ်မြောက် ချန်ပီယံဆုရှင်အဖြစ် မှတ်တမ်းတင်ထားနိုင်ပြီဖြစ်ပါသည်။
MDN