“စိန်ရတု ပြည်ထောင်စု လူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ် (၄) မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌  ပြသမည်

နေပြည်တော်  ဇန်နဝါရီ ၂၈

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံလူရွှင်တော်အသင်း (ဗဟို) တို့ ပူးပေါင်းပြီး “စိန်ရတု ပြည်ထောင်စုလူရွှင်တော်ဖလား” လူရွှင်တော်ပြိုင်ပွဲ၊ ပွဲစဉ်(၄)ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၉) ရက်၊ စနေနေ့ည (၈) နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲတွင် ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ တီးခတ်မှုနှင့်အတူ   လူရွှင်တော်များဖြစ်ကြသည့် သော်တာ၊ ဇီးကွက်၊ ဝါဂွမ်းနှင့် ချစ်သူတို့က  ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ (၂) ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း (၁) နာရီခွဲ National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ပြသမည်ဖြစ်သည်။

 

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ ပွဲစဉ် ၅ ပွဲကို အပတ်စဉ် စနေနေ့ညတိုင်းနှင့် ဖေဖော်ဝါရီ (၉) ရက်နှင့် (၁၀) ရက် ညတို့အပြင် ဖေဖော်ဝါရီ (၁၂) ရက် စနေနေ့ညပိုင်းတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်