စိန်ရတုလွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ဂလိုဘယ်လိုက်ဇေးရှင်း

စိန်ရတုအလွန်

လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်ကျော်က မြန်မာပြည်သူအပေါင်းသည် နယ်ချဲ့ဆန့်ကျင် တော်လှန်မှု၊ ဆန္ဒပြမှု၊ တော်လှန်တိုက်ခိုက်မှုပေါင်းများစွာဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ 

လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ရသူများမှာ မရေမတွက်နိုင်။ နယ်ချဲ့တို့၏ ရက်စက်မှုအောက်တွင် အသက်ဆုံးရှုံးခဲ့ရသူများမှာ မရေမတွက်နိုင်။ နိုင်ငံ၏အနာဂတ်သာမက ပြည်သူ တစ်ဦးချင်းစီတိုင်း၏ဘဝများ ပျက်စီးခဲ့ရသည်၊ အနာဂတ် ပျောက်ခဲ့ရသည်။ နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော် သိမ်းပိုက်ခံခဲ့ရသည့် မြန်မာပြည်သူလူထုမှာ လွတ်လပ်ရေးအနှစ်သာရများနှင့် ကင်းဝေးခဲ့ကြရသည်။ လူကို လူချင်း ကိုယ်ချင်းစာ တရားကင်းမဲ့စွာ ဖိနှိပ်ခံခဲ့ကြရသည်။ ထို့အတွက် ကြောင့်လည်း မြန်မာတစ်မျိုးသားလုံးက နယ်ချဲ့ကို အဘက်ဘက်မှ တော်လှန်ခဲ့ကြသည်။ ယင်း၏ရလဒ် မှာ မိမိတို့အားလုံး လိုလားနေသည့် လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ပါသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်မှာ စိန်ရတုနှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။  ထိုလွတ်လပ်ရေးအောင်ပွဲနေ့ကြီး၏ နောက်ကွယ်တွင် လွတ်လပ်ရေး၏အဓိပ္ပာယ်များ၊ အနှစ်သာရများရှိနေပြီး ထိုအနှစ်သာရများသည် ဆက်လက်လျှောက်လှမ်းရမည့် အနာဂတ်နိုင်ငံတော် ခရီးအတွက် အခြေခံများလည်းဖြစ်ပါသည်။ တစ်ချိန်က လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရမှု၊ လွတ်လပ်ရေးရရှိပြီးနောက် ပြန်လည် ထူထောင်ရေး၊ ပြည်တွင်းပဋိပက္ခများ၊ ယနေ့နိုင်ငံ့ အခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့ကို ဖြစ်စဉ်အခြေပြုသုံးသပ်ခြင်းဖြင့် အနာဂတ်မျှော်မှန်းချက်အတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မည်။

နယ်ချဲ့အကျိုးဆက်

၁၅ ရာစုကပင် ပေါ်ပေါက်လာသည့် နယ်ချဲ့စနစ်သည် မြန်မာနိုင်ငံအား ပထမအကြိမ် ကျူးကျော်စစ် စတင်ဖြစ်ပွားသည့် ၁၈၂၄ ခုနှစ်ခန့်တွင် ကမ္ဘာကြီး၏ ၃၅ ရာခိုင်နှုန်းအား သိမ်းပိုက်ထားပြီး ၁၉၁၄ ခုနှစ် ခန့်တွင် ကမ္ဘာကြီး၏ ၈၄ ရာခိုင်နှုန်းအား ထိန်းချုပ်ထားပြီးသည်ကို တွေ့ရပါသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား သိမ်းပိုက်၍ မြန်မာဘုရင် သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

နယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က မြန်မာပြည်သူလူထု၊ မြန်မာ့ပိုင်နက်နယ်မြေ၊ အချုပ် အခြာအာဏာနှင့် အုပ်ချုပ်သူဘုရင်တို့အားလုံးကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ယင်းသည် နိုင်ငံ တစ်နိုင်ငံ၏ အသွင်လက္ခဏာဖြစ်သည့် တည်မှီနေထိုင်သည့် ပြည်သူလူထု၊ ပိုင်းခြားသတ်မှတ်ထား သည့်နယ်မြေ၊ အချုပ်အခြာအာဏာနှင့် အစိုးရတို့ကို အလုံးစုံသိမ်းယူလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့သာမက ဘာသာရေး၊ ပညာရေး၊ လူမှုရေး အားလုံး ဆုံးရှုံးခဲ့ကြ ရသည်။ 

ထို့အပြင် နယ်ချဲ့တို့သည် ကိုလိုနီနယ်မြေများအား ရေရှည်သိမ်းပိုက်ထားနိုင်ရန်နှင့် အုပ်ချုပ်ရာတွင် လွယ်ကူစေရန်အတွက် သိမ်းပိုက်ခံနယ်မြေအား သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးရရှိသည့်အချိန်တွင် နှစ်နိုင်ငံအဖြစ် ပြိုကွဲခဲ့ရသည်။ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရရှိပြီးနောက် အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံနှစ်ပိုင်း မကွဲခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများ သန္ဓေတည်လာခဲ့ပါသည်။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

လွတ်လပ်ခြင်းသည်  အခြားသူများ၏ ထိန်းချုပ်မှု၊ လွှမ်းမိုးမှု၊ ပံ့ပိုးမှုတို့မှကင်းလွတ်ခြင်းဟု ဆိုပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် တွဲလျက်ပါလာသည်မှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဖြစ်ပါသည်။ လုံးဝလွတ်လပ်သော နိုင်ငံတစ်နိုင်ငံသည် အုပ်ချုပ်ခွင့်အာဏာ၊ ဥပဒေပြု ခွင့်အာဏာ၊ တရားစီရင်ပိုင်ခွင့်အာဏာများကို အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှု၊ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုတို့မရှိဘဲ ကျင့်သုံးနိုင်ပါသည်။ ယင်းမှာ အချုပ်အခြာပိုင်ဆိုင်မှု ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံရေးသီအိုရီအရ နိုင်ငံတော်၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် မောင်းနှင်ထိန်းသိမ်းရာတွင် အမြင့်ဆုံးသော ကြီးကြပ်မှု သို့မဟုတ် အခွင့်အာဏာ ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် အချုပ်အခြာ အာဏာသည် ပြင်ပမှထိန်းချုပ်မှုမရှိဘဲ မိမိပိုင်နက် နယ်မြေအတွင်း မိမိပြည်တွင်းရေးများကို ဥပဒေကြောင်းအရ အမြင့်ဆုံးကျင့်သုံးနိုင်သည့် အကြွင်းမဲ့ အာဏာလည်း ဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဥပဒေတို့တွင် အငြင်းပွားစရာ အရှိဆုံး အယူအဆ တစ်ခုဖြစ်သည့် အချုပ်အခြာအာဏာ ဆိုင်ရာအယူအဆသည် နိုင်ငံတော်၊ အစိုးရ၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဆိုင်ရာအယူအဆများနှင့် နီးကပ်စွာဆက်နွှယ်လျက်ရှိပါသည်။ အချုပ် အခြာအာဏာပိုင်ခြင်းသည် လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံ၏ အဓိကဝိသေသလက္ခဏာတစ်ရပ်ဖြစ်ပြီး အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိနိုင်ငံနှင့် လူမျိုး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ 

ယနေ့ကမ္ဘာပေါ်တွင် လွတ်လပ်သောနိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိပါသည်။ တစ်ဝက်တစ်ပျက်သာ လွတ်လပ် သော သို့မဟုတ် အသိအမှတ်ပြုခြင်း မခံရသေးသော ဒေသများလည်း ရှိနေပါသေးသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာသည်နှင့် မရှိမဖြစ် လိုအပ်သည်မှာ လွတ်လပ်ရေးဖြစ်ပါသည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ သည် နိုင်ငံကြီး၊ နိုင်ငံငယ်မဟူ တန်းတူရည်တူ အခွင့်အရေးရှိကြောင်းကို ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်တွင် ဖော်ပြထားပါသည်။ 

ထို့အပြင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၂ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှာ အချုပ် အခြာအာဏာအရာ၌ တူညီကြသည်ဟူသော မူပေါ်တွင် အခြေခံ၍ ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းသည်ဟု ဖော်ပြထားပါသည်။ ယင်းပြဋ္ဌာန်းချက်သည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိ ပြည်တွင်းရေးအား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် တန်းတူညီမျှ မှုရရှိခြင်း ဖြစ်ပါသည်။

အချုပ်အခြာအာဏာနှင့်စိန်ခေါ်မှုများ

အမျိုးသားအချုပ်အခြာအာဏာသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ တရားဥပဒေနှင့် နိုင်ငံရေးအရ ခွဲခြား၍မရသော အရည်အသွေးတစ်ခု ဖြစ်ပါသည်။ အမျိုးသားအချုပ်အခြာအာဏာနှင့် ဆက်စပ်နေသော အမျိုးသားလွတ်လပ်ရေးသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတိုင်းသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံများအကြား တန်းတူညီမျှရေးကဲ့သို့သော ၎င်းတို့၏ အမျိုးသားတန်ဖိုးများ ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်လေ့ရှိကြပါသည်။ 

သို့သော်လည်း ထိုသို့ထိန်းသိမ်းကာကွယ်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသား လွတ်လပ်ရေးတို့ရှိသည့်တိုင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အမျိုးမျိုးသော အယူအဆများနှင့် လုပ်ဆောင်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမျိုးသားလွတ်လပ်ရေးနှင့် အမျိုးသားအချုပ်အခြာ အာဏာမှာ ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ရေးသည် ကမ္ဘာပေါ်ရှိ နိုင်ငံများ အထူးသဖြင့် အလယ်အလတ် အင်အားကြီးနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် ထိပ်တန်းဦးစားပေး ဖြစ်လျက်ရှိပါသည်။ 

ဂလိုဘယ်လိုက်ဇေးရှင်းသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာနှင့် အရှိန်ပြင်းထန်စွာဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများသည် နယ်ပယ်ကဏ္ဍများစွာတွင် ကျယ်ပြန့်စွာ  ပိုမိုပေါင်းစည်းနေကြပါသည်။ ယင်းအခြေအနေသည် အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေလျက်ရှိသော်လည်း အခြားတစ်ဖက်တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် လုံခြုံရေးအတွက် မှန်းဆမရသောစိန်ခေါ်မှုများကို ဖန်တီးပေးလျက်ရှိပါသည်။

အခြေခံလိုအပ်ချက် 

ထို့ကြောင့် လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံများသည် အမျိုးသားလွတ်လပ်ရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အခြေခံအချက် နှစ်ရပ်ကို သတိပြုကြရန် လိုအပ်လာပါသည်။

စိန်ရတုအလွန်

လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်ကျော်က မြန်မာပြည်သူအပေါင်းသည် နယ်ချဲ့ဆန့်ကျင်တော်လှန်မှု၊ ဆန္ဒပြမှု၊ တော်လှန်တိုက်ခိုက်မှုပေါင်းများစွာဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ 

လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ရသူ များမှာ မရေမတွက်နိုင်။ နယ်ချဲ့တို့၏ ရက်စက်မှုအောက်တွင် အသက်ဆုံးရှုံးခဲ့ရသူများမှာ မရေမတွက်နိုင်။ နိုင်ငံ၏အနာဂတ်သာမက ပြည်သူ တစ်ဦးချင်းစီတိုင်း၏ဘဝများ ပျက်စီးခဲ့ရသည်၊ အနာဂတ် ပျောက်ခဲ့ရသည်။ နယ်ချဲ့လက်အောက် နှစ်ပေါင်း ၁၀၀ ကျော် သိမ်းပိုက်ခံခဲ့ရသည့် မြန်မာပြည်သူလူထုမှာ လွတ်လပ်ရေးအနှစ်သာရများနှင့် ကင်းဝေးခဲ့ကြရသည်။ လူကို လူချင်း ကိုယ်ချင်းစာ တရားကင်းမဲ့စွာ ဖိနှိပ်ခံခဲ့ကြရသည်။ ထို့အတွက် ကြောင့်လည်း မြန်မာတစ်မျိုးသားလုံးက နယ်ချဲ့ကို အဘက်ဘက်မှ တော်လှန်ခဲ့ကြသည်။ ယင်း၏ရလဒ် မှာ မိမိတို့အားလုံး လိုလားနေသည့် လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ပါသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်မှာ စိန်ရတုနှစ်ပတ်လည်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။  ထိုလွတ်လပ်ရေးအောင်ပွဲနေ့ကြီး၏ နောက်ကွယ်တွင် လွတ်လပ်ရေး၏အဓိပ္ပာယ်များ၊ အနှစ်သာရများရှိနေပြီး ထိုအနှစ်သာရများသည် ဆက်လက်လျှောက်လှမ်းရမည့် အနာဂတ်နိုင်ငံတော် ခရီးအတွက် အခြေခံများလည်းဖြစ်ပါသည်။ တစ်ချိန်က လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရမှု၊ လွတ်လပ်ရေးရရှိပြီးနောက် ပြန်လည် ထူထောင်ရေး၊ ပြည်တွင်းပဋိပက္ခများ၊ ယနေ့နိုင်ငံ့ အခြေအနေနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့ကို ဖြစ်စဉ်အခြေပြုသုံးသပ်ခြင်းဖြင့် အနာဂတ်မျှော်မှန်းချက်အတွက် များစွာအထောက်အကူဖြစ်စေပါလိမ့်မည်။

နယ်ချဲ့အကျိုးဆက်

၁၅ ရာစုကပင် ပေါ်ပေါက်လာသည့် နယ်ချဲ့စနစ်သည် မြန်မာနိုင်ငံအား ပထမအကြိမ် ကျူးကျော်စစ် စတင်ဖြစ်ပွားသည့် ၁၈၂၄ ခုနှစ်ခန့်တွင် ကမ္ဘာကြီး၏ ၃၅ ရာခိုင်နှုန်းအား သိမ်းပိုက်ထားပြီး ၁၉၁၄ ခုနှစ် ခန့်တွင် ကမ္ဘာကြီး၏ ၈၄ ရာခိုင်နှုန်းအား ထိန်းချုပ် ထားပြီးသည်ကို တွေ့ရပါသည်။ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား သိမ်းပိုက်၍ မြန်မာဘုရင် သီပေါမင်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

နယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က မြန်မာပြည်သူလူထု၊ မြန်မာ့ပိုင်နက်နယ်မြေ၊ အချုပ် အခြာအာဏာနှင့် အုပ်ချုပ်သူဘုရင်တို့အားလုံးကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ယင်းသည် နိုင်ငံ တစ်နိုင်ငံ၏ အသွင်လက္ခဏာဖြစ်သည့် တည်မှီနေထိုင်သည့် ပြည်သူလူထု၊ ပိုင်းခြားသတ်မှတ်ထား သည့်နယ်မြေ၊ အချုပ်အခြာအာဏာနှင့် အစိုးရတို့ကို အလုံးစုံသိမ်းယူလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့သာမက ဘာသာရေး၊ ပညာရေး၊ လူမှုရေး အားလုံး ဆုံးရှုံးခဲ့ကြ ရသည်။ 

ထို့အပြင် နယ်ချဲ့တို့သည် ကိုလိုနီနယ်မြေများအား ရေရှည်သိမ်းပိုက်ထားနိုင်ရန်နှင့် အုပ်ချုပ်ရာတွင် လွယ်ကူစေရန်အတွက် သိမ်းပိုက်ခံနယ်မြေအား သွေးခွဲအုပ်ချုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းအိန္ဒိယနိုင်ငံသည် နယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးရရှိသည့်အချိန်တွင် နှစ်နိုင်ငံအဖြစ် ပြိုကွဲခဲ့ရသည်။ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးရရှိပြီးနောက် အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံနှစ်ပိုင်း မကွဲခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင် တိုက်ခိုက်မှုများ သန္ဓေတည်လာခဲ့ပါသည်။

လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

လွတ်လပ်ခြင်းသည်  အခြားသူများ၏ ထိန်းချုပ်မှု၊ လွှမ်းမိုးမှု၊ ပံ့ပိုးမှုတို့မှကင်းလွတ်ခြင်း ဟု ဆိုပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် တွဲလျက်ပါလာသည်မှာ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု ဖြစ်ပါသည်။ လုံးဝလွတ်လပ်သော နိုင်ငံတစ်နိုင်ငံသည် အုပ်ချုပ်ခွင့်အာဏာ၊ ဥပဒေပြု ခွင့်အာဏာ၊ တရားစီရင်ပိုင်ခွင့်အာဏာများကို အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှု၊ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုတို့မရှိဘဲ ကျင့်သုံးနိုင်ပါသည်။ ယင်းမှာ အချုပ်အခြာပိုင်ဆိုင်မှု ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာသည် နိုင်ငံရေးသီအိုရီအရ နိုင်ငံတော်၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် မောင်းနှင်ထိန်းသိမ်းရာတွင် အမြင့်ဆုံးသော ကြီးကြပ်မှု သို့မဟုတ် အခွင့်အာဏာ ဟု ဆိုပါသည်။ တစ်နည်းအားဖြင့် အချုပ်အခြာ အာဏာသည် ပြင်ပမှထိန်းချုပ်မှုမရှိဘဲ မိမိပိုင်နက် နယ်မြေအတွင်း မိမိပြည်တွင်းရေးများကို ဥပဒေကြောင်းအရ အမြင့်ဆုံးကျင့်သုံးနိုင်သည့် အကြွင်းမဲ့ အာဏာလည်း ဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဥပဒေတို့တွင် အငြင်းပွားစရာ အရှိဆုံး အယူအဆ တစ်ခုဖြစ်သည့် အချုပ်အခြာအာဏာ ဆိုင်ရာအယူအဆသည် နိုင်ငံတော်၊ အစိုးရ၊ လွတ်လပ်ရေးနှင့် ဒီမိုကရေစီဆိုင်ရာအယူအဆများ နှင့် နီးကပ်စွာဆက်နွှယ်လျက်ရှိပါသည်။ အချုပ် အခြာအာဏာပိုင်ခြင်းသည် လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံ၏ အဓိကဝိသေသလက္ခဏာတစ်ရပ်ဖြစ်ပြီး အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိနိုင်ငံနှင့် လူမျိုး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ 

ယနေ့ကမ္ဘာပေါ်တွင် လွတ်လပ်သောနိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိပါသည်။ တစ်ဝက်တစ်ပျက်သာ လွတ်လပ်သော သို့မဟုတ် အသိအမှတ်ပြုခြင်း မခံရသေးသော ဒေသများလည်း ရှိနေပါသေးသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာသည်နှင့် မရှိမဖြစ် လိုအပ်သည်မှာ လွတ်လပ်ရေးဖြစ်ပါသည်။ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ သည် နိုင်ငံကြီး၊ နိုင်ငံငယ်မဟူ တန်းတူရည်တူ အခွင့်အရေးရှိကြောင်းကို ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်တွင် ဖော်ပြထားပါသည်။ 

ထို့အပြင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၂ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှာ အချုပ် အခြာအာဏာအရာ၌ တူညီကြသည်ဟူသော မူပေါ်တွင် အခြေခံ၍ ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းသည် ဟု ဖော်ပြထားပါသည်။ ယင်းပြဋ္ဌာန်းချက်သည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိ ပြည်တွင်းရေးအား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိခြင်းနှင့် နိုင်ငံတကာဆက်ဆံရေးတွင် တန်းတူညီမျှ မှုရရှိခြင်း ဖြစ်ပါသည်။

အချုပ်အခြာအာဏာနှင့်စိန်ခေါ်မှုများ

အမျိုးသားအချုပ်အခြာအာဏာသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ တရားဥပဒေနှင့် နိုင်ငံရေးအရ ခွဲခြား၍မရသော အရည်အသွေးတစ်ခု ဖြစ်ပါသည်။ အမျိုးသားအချုပ်အခြာအာဏာနှင့် ဆက်စပ်နေသော အမျိုးသားလွတ်လပ်ရေးသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတိုင်းသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံများအကြား တန်းတူညီမျှရေးကဲ့သို့သော ၎င်းတို့၏ အမျိုးသားတန်ဖိုးများ ထိန်းသိမ်းကာကွယ်ရေးကို ဦးတည်လေ့ရှိကြပါသည်။ 

သို့သော်လည်း ထိုသို့ထိန်းသိမ်းကာကွယ်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အမျိုးသား လွတ်လပ်ရေးတို့ရှိသည့်တိုင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အမျိုးမျိုးသော အယူအဆများနှင့် လုပ်ဆောင်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမျိုးသားလွတ်လပ်ရေးနှင့် အမျိုးသားအချုပ်အခြာ အာဏာမှာ ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။ ထို့ကြောင့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ရေးသည် ကမ္ဘာပေါ်ရှိ နိုင်ငံများ အထူးသဖြင့် အလယ်အလတ် အင်အားကြီးနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် ထိပ်တန်းဦးစားပေး ဖြစ်လျက်ရှိပါသည်။ 

ဂလိုဘယ်လိုက်ဇေးရှင်းသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာနှင့် အရှိန်ပြင်းထန်စွာဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံများသည် နယ်ပယ်ကဏ္ဍများစွာတွင် ကျယ်ပြန့်စွာ  ပိုမိုပေါင်းစည်းနေကြပါသည်။ ယင်းအခြေအနေသည် အခွင့်အလမ်းများစွာ ဖြစ်ပေါ်စေလျက်ရှိသော်လည်း အခြားတစ်ဖက်တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် လုံခြုံရေးအတွက် မှန်းဆမရသောစိန်ခေါ်မှုများကို ဖန်တီးပေးလျက်ရှိပါသည်။

အခြေခံလိုအပ်ချက် 

ထို့ကြောင့် လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံများသည် အမျိုးသားလွတ်လပ်ရေးနှင့် နိုင်ငံတော် အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အခြေခံအချက် နှစ်ရပ်ကို သတိပြုကြရန် လိုအပ်လာပါသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်၏အချုပ် အခြာအာဏာသည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်တွင်း သို့မဟုတ် နိုင်ငံခြားရေးကိစ္စများကို ဖြေရှင်းရာတွင် အချုပ်အခြာအာဏာကို မျှဝေခြင်းသို့မဟုတ် အသုံးချခံရခြင်း မဖြစ်စေရပါ။ နိုင်ငံတော်အချုပ်အခြာ အာဏာသည် အထွတ်အထိပ်ဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာနှင့် ပြည်သူလူထုကို ထိခိုက် စေသည့် ကိစ္စများသည် နိုင်ငံ့အချုပ်အခြာအာဏာ ၏ အထက်တွင် ရှိမနေရပါ။ 

ဒုတိယအချက်မှာ အချုပ်အခြာအာဏာကို  ကာကွယ်ခြင်းသည် ကမ္ဘာကြီးနှင့် ခွဲထွက်၍ အထီးကျန်ခြင်း မဟုတ်ပါ။ နိုင်ငံများသည် ကမ္ဘာကြီးနှင့် ပေါင်းစည်းရန်အတွက် တံခါးဖွင့်ထားသကဲ့သို့ တစ်ပြိုင်နက်တည်းတွင် မိမိတို့၏ အချုပ်အခြာအာဏာကို ထိရောက်စွာကာကွယ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတကာနှင့် ပေါင်းစည်းခြင်းသည် အချုပ်အခြာအာဏာကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးရန် ဖြစ်ပါသည်။ သို့ဖြစ်၍ နိုင်ငံတကာနှင့် ပေါင်းစည်း ဆက်ဆံရာတွင် စွန့်လွှတ်ပေးရခြင်းများနှင့် အပြန် အလှန်ကန့်သတ်ခြင်းများ ပြုလုပ်၍မရပါ။

ထိန်းသိမ်းကာကွယ်ရေး

မိမိတို့ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံခြားရေး ကိစ္စများ စသည့်မည်သည့်နယ်ပယ်တွင်မဆို အချုပ်အခြာအာဏာကို  ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ အကြောင်းအရာများအလိုက်အပြင် မိမိနိုင်ငံအခြေအနေနှင့်သင့်လျော်သော မဟာဗျူဟာ များနှင့် အစီအစဉ်များ ချမှတ်ကျင့်သုံးကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်သည့် လုပ်ရပ်များကို အခြားနိုင်ငံများမှ သာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပြည်ပမှ ပုဂ္ဂိုလ်များကပါ လုပ်ဆောင်ကြလေ့ရှိပါသည်။ ထိုသို့လုပ်ဆောင်ရာ တွင် hard power နှင့် soft power တို့ဖြင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့် စစ်ရေးမဟုတ်သော လုပ်ဆောင်မှုတို့အပြင် စစ်ရေးနည်းလမ်းတို့ဖြင့် အချုပ်အခြာအာဏာကို ထိပါးစေပါသည်။

ယနေ့အချိန်သည် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အခွင့်အလမ်းများနှင့် နယ်ပယ်များ ကျယ်ပြန့် လာသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ ခေတ်သစ်ကိုလိုနီပုံစံများ ကျင့်သုံးလာနေသည် ကိုလည်း တွေ့ရပါသည်။ ခေတ်သစ်ကိုလိုနီဝါဒသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအပေါ် လွှမ်းမိုးရန် သို့မဟုတ် ထိန်းချုပ်ရန်အတွက် ယခင်ကိုလိုနီခေတ်က အသုံးပြုသော စစ်ရေးဖြင့် တိုက်ရိုက်ထိန်းချုပ်ခြင်း သို့မဟုတ် နိုင်ငံရေးဖြင့် သွယ်ဝိုက်ထိန်းချုပ်ခြင်းပုံစံများအစား စီးပွားရေးနယ်ချဲ့စနစ်၊ ဂလိုဘယ် လိုက်ဇေးရှင်း၊ ယဉ်ကျေးမှုနယ်ချဲ့ဝါဒနှင့် ကူညီထောက်ပံ့မှုပုံစံများဖြင့် လုပ်ဆောင်ကြပါသည်။ 

ကိုလိုနီခေတ်က ကျူးကျော်သိမ်းပိုက်မှုသည် လွတ်လပ်ရေးသာမက အလုံးစုံဆုံးရှုံးရသော်လည်း ခေတ်သစ်ကိုလိုနီစနစ်တွင် နယ်မြေကျူးကျော် သိမ်းပိုက်မှုထက် အချုပ်အခြာအာဏာနှင့် အုပ်ချုပ် ရေးအပေါ် အဓိကလွှမ်းမိုးချုပ်ကိုင်နိုင်ရန် ကြိုးပမ်းကြလေ့ရှိပါသည်။ ထိုသို့ လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အတွက် ပစ်မှတ်နိုင်ငံ၏ပြည်တွင်းရေး မငြိမ်မသက် ဖြစ်စေရန်နှင့် ပြိုကွဲစေရန် နည်းလမ်းပေါင်းစုံ အထူးသဖြင့် ပါဝါအပျော့သုံး၍ သွေးခွဲသည့် နည်းလမ်းများ အသုံးပြုနေကြသည်ကို တွေ့ရပါသည်။

ကိုလိုနီနယ်ချဲ့စနစ်ကြောင့် ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ခဲ့ပြီးဖြစ်သည်။ ယနေ့တွင်လည်း အင်အားကြီးနိုင်ငံများက ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေးအရ အရေးပါသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် ခေတ်သစ် ကိုလိုနီစနစ် ကျင့်သုံးမှုများကြောင့် ကမ္ဘာအနှံ့တွင် မတည်ငြိမ်မှုများနှင့် တင်းမာမှုများ ဖြစ်ပေါ်နေပါသည်။ ထို့ကြောင့် အချုပ်အခြာအာဏာ ကာကွယ် ရန်အတွက် နိုင်ငံ၏အရင်းအမြစ်များစုပေါင်း၍ လိုက်လျောညီထွေ တုံ့ပြန်ကာကွယ်ကြရမည်ဖြစ်ပါ သည်။ ယင်းသို့ ကာကွယ်ခြင်းသည် နိုင်ငံ၏အချုပ် အခြာအာဏာကိုသာမက အမျိုးသားအကျိုးစီးပွား များကို ကာကွယ်ခြင်းလည်းဖြစ်ပါသည်။ 

အခက်ခဲဆုံးတာဝန်တစ်ရပ် 

ဂလိုဘယ်လိုက်ဇေးရှင်းသည် လူသားတို့အတွက် အခွင့်အလမ်းများဖြစ်စေသည်မှာ မှန်သော်လည်း တစ်ဖက်တွင် စိန်ခေါ်မှုများလည်း ရှိနေပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းသည် အပြုသဘော ဆောင်သော လမ်းကြောင်းတစ်ခုဖြစ်ပြီး ကဏ္ဍအသီးသီးအတွက် အခွင့်အလမ်းများ တိုးလာစေလျက် ရှိပါသည်။ ထိုအခွင့်အလမ်းများကို ထိရောက်စွာ အသုံးပြု၍ နိုင်ငံ၏စီးပွားရေး၊ နည်းပညာ၊ ဈေးကွက် များမှအစ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအထိ ချဲ့ထွင်ကြရမည်ဖြစ်ပါသည်။ သို့မှသာ လွတ်လပ် သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်မည်ဖြစ်ပြီး ပြည်သူလူထုသည်လည်း လွတ်လပ် ရေး၏အနှစ်သာရများကို  ခံစားရရှိနိုင်မည် ဖြစ်ပေသည်။

သို့ဖြစ်ရာ နိုင်ငံများသည် ခေတ်ပြိုင်ကမ္ဘာကြီး၏ ရေစီးကြောင်းများအတွင်း အနှေးနှင့်အမြန် စီးမျောခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အများ နည်းတူ မြှင့်တင်ကြရမည်ဖြစ်ပါသည်။ ထိုသို့ ခေတ်ရေစီးကြောင်းတွင် ဟန်ချက်ညီ လိုက်ပါစီးမျောရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အပြင်း ထန်ဆုံးနှင့် အခက်ခဲဆုံးတာဝန်မှာ ဂလိုဘယ် လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အနုတ် လက္ခဏာဆောင်သော သက်ရောက်မှုများမှ အမျိုးသားလွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ဖြစ်ပါသည်။ ။