စိန်ရတုလွတ်လပ်ရေး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

ဒေါက်တာ မောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း) 

အခြေအနေ (၁)

စိန်ရတုလွတ်လပ်ရေးကာလကို  ရောက်ရှိနေပြီ ဖြစ်သော မြန်မာနိုင်ငံကို ယေဘုယျအားဖြင့် နှစ်ပိုင်း ရှုမြင်နိုင်သည်။ ပထမပိုင်းမှာ ၁၉၀၁ − ၁၉၄၇ ခုနှစ် ထိသော လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ဒုတိယ ပိုင်းမှာ  ၁၉၄၈   ခုနှစ်မှ   မျက်မှောက်ခေတ်အထိ ဖြစ်သော လွတ်လပ်ရေးထိန်းသိမ်းကာကွယ်မှုနှင့် ရေရှည်ဖွံ့ဖြိုးသာယာဝပြောရေး     ရှေ့သို့ချီတက် လျက်ရှိသောကာလဖြစ်သည်။ 

ပထမပိုင်းတွင် ဘိုးဘေးဘီဘင်တို့၏ နှလုံးရည်၊ စွယ်စုံအင်အားပေါင်းစပ်ကာ  ဗြိတိသျှနယ်ချဲ့အောက် မှ   လွတ်မြောက်အောင်  ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ သည် လုံးဝလွတ်လပ်သောနိုင်ငံဖြစ်လာသည်။ 

၂၀  ရာစုအစ  အတိတ်ကြေးမုံပြင်  သတင်းစာ ဟောင်းများကို  ရှုကြည့်သည့်အခါ   မြန်မာတို့၏ ဘဝနှင့် မြန်မာတို့၏  မဝေးလှသောသမိုင်း၊ ဘဝ ကံကြမ္မာကိုဖန်တီးရာ၌ ပဓာနအားဖြင့် ဆောင်ကြဉ်း သူတို့မှာ အသိဉာဏ်ရှိသော လူသားကသာ အဆုံး အဖြတ်ပေးသည်ကို တွေ့ရှိရသည်။    

“နိုင်ငံရေး၊   စစ်ရေးဖြင့်    လွတ်လပ်ရေးကို အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းပြည်ခေါင်းဆောင်ကြီးများသည် ဂျူဗလီ ဟောရုံကြီးတွင် ငြိမ်သက်လျက်ရှိကြပြီ။ သူတို့ကို အားကိုးအားထားပြုနေကြသော လူထုသည် မမေ့ နိုင်ကြသဖြင့် ဂျူဗလီဟောရုံကြီးသို့ ချဉ်းကပ်ကြ တော့သည်။   အချို့ပရိသတ်မှာ   ဗိုလ်ချုပ်တို့အား လွမ်းဆွတ်တမ်းတသဖြင့် မျက်ရည်ကျတော့သည်။ ဒီလိုအခါများမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အသက် ရှင်နေမယ်ဆိုလျှင် ဘယ်လောက်ကောင်းမလဲစသည့် အသံများကိုလည်း ကြားခဲ့ရသည်။” လွတ်လပ်ရေး ကို ယနေ့ပြည်သူများ မြင်တွေ့ခဲ့သည်မှာ နှစ်ပေါင်း (၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးကာလသို့ ရောက်ရှိနေပြီဖြစ်သည်။ 

အခါတော်ရောက်ပြီ

“မြောက်ပြန်လေညင်းခေါ်သည့်    လွတ်လပ် သည့်  ဇန်နဝါရီလ  ၄  ရက်နေ့ နံနက်သည်ကား ခိုက်ခိုက်တုန်အောင်  ချမ်းလှ၏။   ထိုမျှလောက် မည်သည့်အခါကမှ  ချမ်းစီးခဲ့သည်ဟု   ရန်ကုန် ရာဇဝင်တွင် မရှိခဲ့။ ထူးမြတ်သော နံနက်ခင်းပင်ဟု ဆိုရမည်ဖြစ်ပေသည်။ နံနက် ၄ နာရီ မိနစ် ၂၀ ထိုး သည်နှင့်တစ်ပြိုင်နက်      ဗြိတိသျှစစ်သင်္ဘောကြီး ဘာမင်ဂန်စစ်သင်္ဘောကြီးမှလည်းကောင်း၊ မြန်မာ့ ရေတပ်မတော်စစ်သင်္ဘော “မေယု”  စစ်သင်္ဘောကြီး မှလည်းကောင်း၊ အချက်ပေးမီးမောင်းများထိုးကာ အမြောက်ကြီးများပစ်ခတ်၍ “အခါတော်” ပေးကြ လေသည်။”  ထိုအချိန်တွင်    ယာယီပါလီမန် လွှတ်တော် ရှေ့တွင် ရှိ သော  ဗြိတိသျှအလံတော်သည် ဗြိတိသျှအမျိုးသားသီချင်း “God Save the King” တီးမှုတ်၍       အလံတော်စတင်ချတော့သည်။ လွတ်လပ်သည့်အချိန်ကို   ကြိုဆိုနေသည့်   မီးရှူး မီးပန်းများနှင့် မီးထွန်းပွဲများမှာကား တစ်မြို့လုံး တွင် တင့်တယ်လှပေသည်။ ဒို့မြေလွတ်လပ်ပြီဆို‌ သောသီချင်းသံများကို နေရာတိုင်းတွင် ကြားရပေ သည်။

လွတ်လပ်ရေးရရှိသည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့ တွင် တစ်နိုင်ငံလုံး၊ ပြည်နယ်၊ မြို့နယ်များ၌ လွတ်လပ် ရေးနေ့ကို      ပျော်ရွှင်မြူးထူးစွာကျင်းပပုံများကို သတင်းစာကြီးများက ရေးသားဖော်ပြထားသည်မှာ−

“လွတ်လပ်ရေးရပြီကွဲ့။ တို့တစ်တွေ တစ်ဦးနှင့် တစ်ဦး ငြူစူစောင်းမြောင်းနေကြလို့  မတော်ဘူး။ ရှေးကထက်ပိုပြီး  စည်းလုံးညီညွတ်ကြမှ  တော်ရုံ ကျမယ်ဟု တတွတ်တွတ်နှင့်ပြောလျက် သူကဲ့သို့ ပင် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် အိမ်တိုင်း၌ နိုင်ငံတော်အလံတော်များ    လွှင့်တင်လျက်ရှိကြ သည်။”   ဤလွတ်လပ်ရေးကား   တစ်မျိုးလုံး၏ လွတ်လပ်ရေးပင်ဖြစ်သည်။

ဤနေ့ဤရက်တွင်  အဓိကဖြစ်သော မေးခွန်း နှစ်ခုကိုမေးသင့်ကြသည်။ 
•    ကျွန်တော်တို့သည်        လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို မှန်ကန်စွာသိရှိသလား။ 
•    ကျွန်တော်တို့သည်         လွတ်လပ်ခြင်း၏ အဓိပ္ပာယ်ကို   မှန်ကန်စွာသိရှိသည့်အတိုင်း၊ လွတ်လပ်သောလူမျိုး၏ဝတ္တရားကို  ကျေပွန် စွာဆောင်ရွက်နေသလား။

၁၉-၂ဝ  ရာစုအတွင်း ကိုလိုနီ၏အပြုအမူများ ကြောင့်   မြန်မာ့ရေမြေ၊   ကိုယ့်ထီး၊   ကိုယ်နန်း၊ ကိုယ်ကြငှန်း၊ ကိုယ့်ဘုရင်၊ ကိုယ့်သခင်နှင့် နေလာ ခဲ့သည့် လွတ်လပ်မှုဂုဏ်အရှိန်အဝါနှင့် လူမှုစီးပွား ရေးသမိုင်းကြောင်းသည်     ပြောင်းလဲသွားခဲ့ပါသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း   ၁၉  ရာစုကုန်ခါနီး တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက် ခဲ့ရသည်။ ၂၀ ရာစုအဦး  မြန်မာတို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အပြောင်းအလဲများနှင့် ကြုံ တွေ့ရသည်။ အရင်းရှင်နယ်ချဲ့တို့၏ ဖိနှိပ်အုပ်ချုပ်မှု ဒဏ်ကိုခံရ၊ အရင်းရှင်တို့၏ စီးပွားရေးလုပ်ငန်းသစ် များနှင့် ကြုံတွေ့ရသည်။   ၁၉၄၈   ခုနှစ်အထိ နှစ်ပေါင်းတစ်ရာကျော်ကြာ        မြန်မာတို့သည်  လွတ်လပ်ရေးဆုံးရှုံးခဲ့ကာ  သမိုင်းတစ်ကွေ့အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။ 

အားလုံးသိပြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကချင်၊ ချင်း၊ ရှမ်းစသော တိုင်းရင်းသား ခေါင်းဆောင် ၂၃ ဦးတို့သည် တစည်းတလုံးတည်း နေထိုင်ကြတော့မည် သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  လက်မှတ်ရေးထိုး ခဲ့ရာ     ပင်လုံညီလာခံသည်   မြေပြန့်သားတို့နှင့် တောင်တန်းသားတို့၏      အမျိုးသားစည်းလုံး ညီညွတ်မှုကို   တည်ဆောက်ခဲ့သည့်    ထင်ရှား သည့်မှတ်တိုင်ကြီးတစ်ခုဖြစ်သည်။   (ဟံသာဝတီ သတင်းစာ)

အခြေအနေ (၂)

သမ္မတ   ဖရင့်ကလင်တန်   ဒီလင်နိုရုစဘဲ့လ် (၁၉၃၃-၄၅) ခုနှစ်က ဒုတိယကမ္ဘာစစ်ကြီးသည် သမိုင်းကြောင်းအပြောင်းအလဲကြီးဟု   မြင်ခဲ့သူ၊ အနောက်နိုင်ငံများ၏ ကိုလိုနီစနစ် အဆုံးသတ်စေခဲ့ သည်ဟု ရှုမြင်ခဲ့သူဖြစ်သည်။ ရုစဘဲ့လ်က အိန္ဒိယကို လွတ်လပ်ရေးပေးရန် ဗြိတိသျှတို့အား တိုက်တွန်း နှိုးဆော်ခဲ့သူ၊   အင်ဒိုချိုင်းနားကို     ပြင်သစ်တို့က ပြန်လည်သိမ်းပိုက်လိုမှုကိုလည်း ရပ်တန်းက ရပ်ဖို့ တိုက်တွန်းနိုင်ခဲ့သူဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ ၏  နိုင်ငံရေးရေချိန်က လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုသည့် နိုင်ငံရေး၊  စစ်ရေး ရေချိန်က မြင့်ခဲ့ ကြောင်း အားလုံးသိရှိပြီးဖြစ်ပါသည်။  နိုင်ငံရေး၊ စစ်ရေး အသင့်ရှိနေသည်ကိုမြင်သည့်  ဗြိတိသျှတို့ သည် လွတ်လပ်ရေးပေးရန်သာရှိကြောင်း ဖြစ်ပေ တော့သည်။ ဤသို့ဖြင့် အောင်ဆန်း -  အက်တလီ၊ နု - အက်တလီတို့ အသီးသီးလက်မှတ်ရေးထိုးကြ ကာ တစ်နိုင်ငံလုံး လွတ်လပ်ရေးကို အရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ 

Aung San-Atlee Agreement 
(27 January 1947)
His Majesty’s Government and the Delegation of the Burma Executive Council having discussed all the matters affecting the future relations between Great Britain and  Burma which  were  raised  by   the Delegation  have  reached the following agreed conclusions as to the methods by which the people of Burma may achieve their independence, either within or without the Commonwealth, as soon as possible: --
10. Other Matters
A number of other questions will arise for settlement between His Majesty’s Government and the Government of Burma connected with the change in the status of Burma. These will be taken up as they arise and will dealt with in the same friendly and cooperative spirit that has marked the present discussions.
Both His Majesty’s Government and the Delegates of the Burma Executive Council are convinced that by a continuation of the present method towards their common objective of a free and independent Burma, whether within or without the British Commonwealth of Nations, and they have, therefore, agreed to cooperate in the settlement of all future matters which shall arise between them through the transitional period until Burma’s new Constitution comes into operation.
R. ATLEE (Sd.) AUNG SAN
10 Downing Street, S.W. 1,
27th January 1947.
Note: The Hon. Thakin Ba Sein and the Hon. U Saw are unable to associate themselves with these conclusions.
(Major parts of the Agreement are described here by the Author)
Nu Attlee Act (17 October 1947)
 After years of being a colony, on 17 October 1947, Prime Ministers, U Nu of Burma and Clement Attlee of the UK signed a treaty formally for the recognizing the independence of the Union of Burma, “Treaty between the Government of the United Kingdom and the Provisional Government of Burma, Burma Independence Act”, known as the Nu-Atlee Agreement within the UN Charter on the principle of decolonization. In Article 1, the Government of the UK recognizes the Republic of the Union of Burma as a fully Independent Sovereign State. 
The Constitution for this sovereign Independent Republic was completed on 24 September 1947 by the constituent Assembly. Following approval of the Constitution by the British parliament and signing of defense agreement, Burma became free on 4 January 1948.  
(Major parts of the Agreement are described here by the Author)

ဝန်ကြီးချုပ်သခင်နု၏ လွတ်လပ်ရေးနေ့မိန့်ခွန်း

“လွတ်လပ်ရေးနှင့်တကွ      တိုင်းရင်းသားအားလုံး၏  စည်းလုံးညီညွတ်မှုပါရပြီ။   ဒီနေ့ဟာ ကျွန်တော်တို့ပြည်ထောင်စု   ဗမာနိုင်ငံသားများရဲ့ လွတ်လပ်ရေးနေ့ပါပဲ။ ဒီနေ့ဟာဖြင့် ကျွန်တော် တို့အဖို့မှာ အလွန်တရာထူးတဲ့ မြတ်တဲ့နေ့ထူးနေ့မြတ်ကြီးပါပဲ။ ဒီလိုနေ့မျိုးမှာဆိုရင် ကျွန်တော်တို့ဘာတွေ ကို  တွေးတောအောက်မေ့ မိမှာလဲ။    ကိုယ့်နိုင်ငံအကြောင်းလို့ဆိုတော့  သာယာဝပြောစည်ပင်တဲ့ ကျွန်တော်တို့ရဲ့ ဗမာနိုင်ငံကြီးရဲ့အကြောင်းပဲ ဆိုပါတော့။ ဗမာတွေ တကယ်အလုပ်လုပ်ဖို့လိုပြီ”      
“နောက်တစ်ချက်ကတော့      ကျွန်တော်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့   ဝန်ကြီးချုပ်အဖြစ် ဖြင့်လည်းကောင်း၊  နိုင်ငံတော်၏ အကျိုးကို ရှေ့ဆုံးကနေပြီး       ထမ်းရွက်တဲ့အမှုထမ်းအဖြစ်ဖြင့် လည်းကောင်း၊   မြန်မာနိုင်ငံတော်၏ကိုယ်စား  ပြည်ထောင်အချင်းချင်း ဖြစ်သော အခြားနိုင်ငံသားများအား မေတ္တာစကားပြောလိုပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံခြားများနှင့် အစဉ်ထာဝရ ချစ်ချစ်ခင်ခင်    ရင်းရင်းနှီးနှီးနေလိုပါတယ်။ ကြည်ကြည်သာသာ ဆက်ဆံလိုပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံခြားများအား    မေတ္တာပို့သလျက်ရှိပါတယ်။    မွန်မြတ်၍  တိုးတက်ကောင်းမွန်သော၊   ကမ္ဘာ့အိမ်ထောင်ကို ဖန်တီး သောလုပ်ငန်းအရပ်ရပ်တွင် ပူးပေါင်းဆောင်ရွက်ရန် အားထုတ်ပါမယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသတ္တဝါခပ်သိမ်း၏ငြိမ်းချမ်းရေးကိုလည်း        အမြဲလိုလားတောင့်တပါတယ်။   ထိုငြိမ်းချမ်းရေးတို့ကို ရရှိအောင် လည်း အားထုတ်ပါ့မယ်။  မလွတ်လပ်သေးတဲ့နိုင်ငံများကိုလည်း အထူးမေတ္တာစကား ပြောကြားလိုပါတယ်။ ကျွန်တော်တို့  ယခုရရှိတဲ့ လွတ်လပ်ရေးမျိုးကို မလွတ်လပ်သေးသော ထိုထိုသောနိုင်ငံများလည်း  မကြာချက်ချင်းရကြပါစေသော်လို့ ဆုတောင်းပါတယ်။”

“အဘမြန်မာနိုင်ငံကိုချစ်ပါ။     ကာကွယ် စောင့်ရှောက်ပါ”ဟုလည်း   ကချင်ခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်က ဆိုခဲ့သည်၊ ဇန်နဝါရီ လတွင် ကျင်းပသည့်  မနောပွဲသို့  ကြွရောက်ရန် ဖိတ်ကြားခဲ့သည် ကိုလည်း ဟံသာဝတီသတင်းစာ၌  ဖတ်ရှုရသည်။ 

လန်ဒန်မြန်မာသံရုံးအောင်ပွဲသဘင် မြန်မာသံအမတ်ကြီးက အလံတော်လွှင့်တင်ခြင်း

(လန်ဒန်မြို့ ဇန်နဝါရီလ ၄ ရက်နေ့စွဲ ရိုက်တာ ကြေးနန်း)
“နေအရုဏ်ကျင်း၍   အလင်းသို့ရောက်လျှင် ရောက်ချင်း    ရာပေါင်းများစွာသော    မြန်မာမျိုးချစ်ပုဂ္ဂိုလ်တို့သည်    ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများနှင့်အတူ    မြန်မာပြည်အာဏာလွှဲပြောင်းရေး အခမ်းအနားပွဲကြီးကို     မြန်မာပြည်ပဌမ     မဟာမင်းကြီး ဆာမောင်ကြီး၏   ရုံးတော်တွင်   ဆင်ယင်ကျင်းပကြကြောင်း၊    ဆာမောင်ကြီးက   သုံးရောင်ခြယ် ကြယ်တံဆိပ်  အလံတော်ကြီးကို အလံတိုင်ထိပ်သို့ လွှင့်တင်ရင်းဖြင့် အခမ်းအနားဖွင့်လှစ်လိုက်သည်။ လန်ဒန်မြို့၌    လွတ်လပ်ရေးနေ့အောင်ပွဲသဘင် ကျင်းပလျက်ရှိစဉ်  အပြင်ဘက်၌   မိုးရွာ၍   စွတ်စိုထိုင်းမှိုင်းလျက်ရှိပြီး တစ်ခါတစ်ခါ၌ ပြာလဲ့သောကောင်းကင်ကို မြင်ရ၏။”ဟု ရိုက်တာသတင်း‌ထောက်  ပရေဇာဝိုက်တန်က ရေးသားပေးပို့လိုက်ကြောင်း။ 

ဆာမောင်ကြီးသည်  ဘုရင်မင်းမြတ်က  ဗမာပြည်ထောင်စု နိုင်ငံတော်သမ္မတကြီးထံသို့ ပေးပို့သောသဝဏ်လွှာကို   ဖတ်ကြား ပြသလေသည်။ ထို့နောက် ဗမာပြည်သမ္မတကြီး၏ သဝဏ်လွှာနှင့် ဗမာပြည်အစိုးရဝန်ကြီးချုပ်နှင့်    ဒုတိယဝန်ကြီးချုပ်တို့ထံမှ သဝဏ်လွှာများကို  ဆက်လက်ဖတ်ပြလေသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ လန်ဒန်မြို့ရှိ အဆိုပါအိမ်အိုအိမ်လှကြီးသည် ဗမာပြည်၏ သံရုံးအဖြစ်သို့ ရောက်ရှိလာခဲ့ပေသည်။ လွတ်လပ် ရေးရရှိသည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် တစ်နိုင်ငံလုံး  မြို့နယ်ပြည်နယ်များ၌  လွတ်လပ်ရေးနေ့ကို    ပျော်ရွှင်မြူးထူးစွာကျင်းပပုံများကို သတင်းစာကြီးများက  ရေးသားဖော်ပြပုံများကို သိရှိရရာ    မြန်မာတို့သည်    မုန်းလွယ်ချစ်လွယ်ကြောင်း ဥပေက္ခာ ပြုနိုင်ကြောင်း တွေ့ရှိရပါသည်။ 

ဗြိတိသျှတို့က   တိုင်းပြည်၏    အချုပ်အခြာအာဏာနှင့်   စစ်အင်အားကို    မြန်မာအစိုးရအား လွှဲပြောင်းပြီး သမ္မတကြီးအား ရိုစ်ရိုက်စ် (Rolls-Royce)  ကားတစ်စီး၊  ဝန်ကြီးချုပ်ဦးနုအား အော်စတင်ကားတစ်စီး  လက်ဆောင်ပဏ္ဏာအဖြစ် ဂုဏ်ပြုပေးအပ် သည်ကိုလည်း ဖတ်ရှုရပါသည်။ 

“ကျုပ်  နိုင်ငံရေးရာထူး  ရရစေတော့ဟူ၍ ဘယ်တော့မှ မရည် ရွယ်ဘူး။ (I have no political ambition) ဟူ၍ သခင်နုသည် အမြဲပြော၏၊ “မင်းတို့မကြိုက်လျှင် ငါယခုထွက်မယ်။  ငါစားဖား ကြီးမဟုတ်ဟု ပြောလွန်းလို့ ဆွဲထားခြင်းခံရသော ပုဂ္ဂိုလ်ကား သူတစ်ဦးပင်။ “ဒီမိုကရေစီ” ကို ပါးစပ် က ကြိုက်သည်ဟုဆိုသော်လည်း ဝသီအားဖြင့် (ဝါ) အကျင့်အားဖြင့်    အသက်ဦးဆံပိုင်ဘုရင်ကြီးနှင့် တူနေ၏။  ရုပ်သေးထဲတွင်  ပြသောဘုရင်ကြီးနှင့် တူ၏။ ဒီမိုကရေစီ ၏ပရိယာယ်ကို သူမကြိုက်ချေ။ မကြိုက်ဘူးဟု သူမကြာမကြာ သူ၏သူငယ်ချင်းတွေကို ပြောပြ၏။” 

၁၉၄၈ ခုနှစ်   ဒီဇင်ဘာလထုတ်    ဗမာ့ခေတ်သတင်းစာတွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့်  အိမ်တိုင်း အိမ်တိုင်း  အလံတင်ဖို့နှိုးဆော်သည့်သတင်းကို စတင်တွေ့ရှိရပါ သည်။  ရုပ်ရှင်ရုံများနှင့်   အခမ်းအနားများတွင် အသံလွှင့်အလေးပြု နိုင်ငံတော်သီချင်းကို နှစ်ပေါင်း ၇၀ ကျော် ကြုံခဲ့ရကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ကိန်းအောင်းကာ  နိုင်ငံ့လွတ်လပ်ရေးကို ပြည်သူ တို့က ကာကွယ်လျက်ရှိသည်ကို တွေ့ရှိရသည်။
                                                
(ဆက်လက်ဖော်ပြပါမည်)