စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ မြိတ်မြို့တွင် ကျင်းပ

မြိတ်   ဒီဇင်ဘာ   ၂၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို အထက(၁)မြိတ်တွင် ကျင်းပရာ ကျောင်းသား/သူ(၁၄၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ အထက်တန်းအဆင့်တွင် ကျောင်းသား/သူ(၃၇)ဦး၊ အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၅၃)ဦး၊ မူလတန်းအဆင့်တွင် ကျောင်းသား/သူ(၅၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ကျောင်းသား/သူများပါဝင်ယှဉ်ပြိုင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုး၊ အဖွဲ့ဝင် ဦးသောင်းအေး၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် တို့က ကြည့်ရှုအားပေးခဲ့ကြသည်။

 

စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်တွင် မိုးသို့လွင့်ပျံ လွတ်လပ်ရေးရဲ့အသံ၊ အလယ်တန်းအဆင့်တွင် လွတ်လပ်မှ ထွတ်မြတ်မည်၊ မူလတန်းအဆင့်တွင် လွတ်လပ်ရေးနှင့်လူငယ်တာဝန် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့်တွင် လွတ်လပ်ရေးအမွေ ထိန်းသိမ်းလေ၊ အလယ်တန်းအဆင့်တွင် လွတ်လပ်ချိန်ခါ ပြည်မြန်မာ၊ မူလတန်းအဆင့်တွင် လွတ်လပ်ရေးနေ့တို့မမေ့ ခေါင်းစဉ်များဖြင့်လည်းကောင်း ကျင်းပခဲ့ရာ ကျောင်းသား/သူ စုစုပေါင်း(၁၄၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)