စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနှင့် စက်ဘီးနင်းပြိုင်ပွဲကျင်းပ

mdn

မုဒုံ   ဖေဖော်ဝါရီ   ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနှင့် စက်ဘီးနင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်က မုဒုံမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မီတာ ၄၀၀ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။

ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး၊ အားကစားပြိုင်ပွဲ အတွေ့အကြုံ တိုးတက်စေရေးနှင့် အသင်းအဖွဲ့များဖြင့် ပူးပေါင်ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းပြီး လွန်ဆွဲပြိုင်ပွဲ၊ မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲ၊ မြို့ပတ်စက်ဘီးနင်းပြိုင်ပွဲများကို ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများက ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)