စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၂၃ ကျင်းပ

နေပြည်တော် မေ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၁/၂၀၂၃ ကို ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စု ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး က မိမိတို့ဝန်ကြီးဌာန၌ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာနများ တက္ကသိုလ်များ အားလုံးတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များကို အောက်ခြေအထိ ဖွဲ့စည်းထားရှိရန်၊ အကြုံပြုစာ၊ သတင်းပေးတိုင်ကြားစာများ ပေးပို့နိုင်ရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) စာတိုက်ပုံးများ နှင့် E-mail ၊ ဖုန်းနံပါတ်များထားရှိခြင်း၊ ဝန်ထမ်းများ အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေး အတွက်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းပညာဥပဒေများ ကို အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက ဦးစီးဌာနအလိုက် တက္ကသိုလ်များအလိုက် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု ၊ အဂတိလိုက်စားမှုဖြစ်နိုင်ခြေများ သုံးသပ် အကဲဖြတ်မှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား တင်ပြကြရာ ဒုတိယဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်