စိုက်ပျိုးရေးကျောင်း ပျဉ်းမနား ရာပြည့်ပွဲ ဒုတိယနေ့ နေပြည်တော်(၈)မြို့နယ်မှ တောင်သူများနှင့် ဒေသခံပြည်သူများလာရောက်လေ့လာ

နေပြည်တော် ဇွန် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တို့သည် ယနေ့တွင် စိုက်ပျိုးရေး ကျောင်း ပျဉ်းမနားစတင်တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပြပွဲသို့ လာရောက် လေ့လာကြသည့် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်(၈)မြို့နယ်မှ တောင်သူများကို ရင်း ရင်းနှီးနှီးတွေ့ဆုံ၍ လယ်ယာကဏ္ဍပိုမိုဖွံ့ဖြိုးလာရေး၊ တောင်သူများ  ဝင်ငွေတိုးတက်ရေးဆိုင် ရာများ အားပေးစကားပြောကြားပြီး တောင်သူများနှင့်အတူ ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းဝန်းအတွင်း ကျင်းပလျက်ရှိသည့် အဆိုပါပြပွဲတွင် နှစ်(၁၀၀) သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံနှင့် ခေတ်အဆက်ဆက် သုံးစွဲခဲ့သည့် ရှေးဟောင်းလယ်ယာသုံး စက်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ လက်သမားပစ္စည်းများ ကို ဗဟုသုတဖြစ်ဖွယ်ခင်းကျင်းပြသထားသကဲ့သို့ ခေတ်အဆက်ဆက် စိုက်ပျိုးရေးပညာရပ် သင်ရိုး ညွှန်းတမ်းများပြခန်းများ၊ ခေတ်မီစက်မှုလယ်ယာသုံးယာဉ်ယန္တရားများပစ္စည်းများ၊  စိုက်ပျိုးရေပေးဝေရေးဆိုင်ရာ ပြခန်းများ၊ စိုက်ပျိုးရေးအထူးပြုကုမ္ပဏီများ၏ မျိုးစေ့များနှင့် စိုက်ပျိုးရေးသွင်းအားစုများ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ မိတ်ဆက်အရောင်းပြခန်းများ ခင်းကျင်းပြသထားမှုကို ဒေသခံပြည်သူများ၊ တောင်သူများက စိတ်ပါဝင်စားစွာလာရောက် လေ့လာလျက်ရှိသည်။

ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မျိုးစေ့နှင့် သွင်းအားစု အရည် အသွေးမှန်ကန်ရေး စိစစ်အသုံးပြုရန်လိုအပ်ချက်များ ၊  စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုရာတွင် အရည်အသွေးမှန်ကန်စွာ ရွေးချယ်နိုင်ရန် သတိပြုရမည့် အချက်များကို နည်းပညာပေး ဟောပြောဆွေးနွေးပြီး လက်တွေ့ရှင်းလင်းပြသကြသည်။

ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပျဉ်းမနား၊ တပ်ရင်း ၊ တပ်ခွဲများ အခြေချ တပ်စွဲခဲ့သည့် နေရာဖြစ်သော စိုက်ပျိုးရေးသိပ္ပံကျောင်းနယ်မြေသည် မြန်မာနိုင်ငံလွတ်လပ် ရေးကြိုးပမ်းမှုသမိုင်းတွင် တန်ဖိုးကြီးမားသည့် ဒေသတစ်ခုဖြစ်သကဲ့သို့ စိုက်ပျိုးရေးပညာ သမိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော စိုက်ပျိုးရေးသိပ္ပံအဖြစ် စိုက်ပျိုးရေး မွေးမြူရေး ပညာရှင် အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ Mr.Brayton Clarke Case (ဗိုလ်ကိတ်ကြီး)က စိုက်ပျိုးရေးကျောင်းအဖြစ် စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် တည် ဆောက်ခဲ့သည့် နှစ်(၁၀၀)သက်တမ်းရှိ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရှေးဟောင်းအဆောက်အအုံ အမှတ်- နပတ - ၃၀၀၁ အဖြစ် သတ်မှတ်ပေး ခဲ့သဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် ပထမဦးဆုံးသော ရှေးဟောင်းအဆောက် အဦဖြစ်၍ ဒေသခံပြည်သူများက ဂုဏ်ယူဝမ်းမြောက်လျက်ရှိသည်။

သတင်းစဉ်