စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်

 

နေပြည်တော်   မေ     ၁၀

 

စိုက်ပျိုးရေးလုပ်ငန်းကို  ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားရေးသည် တစ်ဟုန်ထိုး  တိုးတက်သွားနိုင်သည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ခြင်း အားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကထားဆွေးနွေးပေးနိုင်ရန် ပြောကြားလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး အစည်းအဝေးသို့   တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 

အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးသောင်း ဟန်နှင့် ဦးမျိုးမြင့်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။ 

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုအစည်းအဝေးသည် နိုင်ငံတော်၏ စီးပွားရေးတွင်အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးညှိနှိုင်းသည့်   အစည်းအဝေးဖြစ်ကြောင်း၊ အစည်းအဝေးတွင် စိုက်ပျိုးရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး   လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို   ပွင့်ပွင့်လင်းလင်းဖြင့်   တင်ပြ ဆွေးနွေးကြစေလိုကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာကြသူများသည် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် ကျွမ်းကျင်ကြသူများဖြစ်ကြကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည်   အဓိကကျသည့်အတွက် ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 

မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါက ကျေးလက်နေ ပြည်သူများ၏ဘဝများ ထူးခြားစွာတိုးတက်ပြောင်းလဲ လာမည် မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့်   အဓိကကုန်ထုတ်လုပ်သည့်   နိုင်ငံတစ်ခုဖြစ် ကြောင်း၊ ဂျီဒီပီတွင် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ သုံးရပ်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကဏ္ဍရှိကြောင်း၊ ထိုမှတစ်ဆင့်   ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို  ဆောင်ရွက်ကြခြင်းဖြစ်သဖြင့် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်နှီးနွှယ်နေသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စက်မှုကုန်ထုတ် လုပ်မှုလုပ်ငန်းများနှင့်   အခြားလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ ၂၀၁၉ ခုနှစ် သန်းခေါင် စာရင်းအရ   ၄၅   ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် နှီးနွှယ်နေသူ များဖြစ်ကြ သည်ကို  တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်   မွေးမြူရေးလုပ်ငန်းများကို  ဖွံ့ဖြိုးတိုးတက် အောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက  ကျေးလက်နေပြည်သူများ၏ဘဝများ ထူးခြားစွာ တိုးတက်ပြောင်းလဲလာမည်ဟု သုံးသပ်တွေ့ရှိရကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကအားဖြင့် စပါးနှင့် ဆီထွက်သီးနှံများ၊ ပဲ အမျိုးမျိုး၊ ဝါ၊ ကြံ၊ ပြောင်းနှင့် မီးဖိုချောင်သုံး   သီးနှံများ၊   လက်ဖက်၊ ရော်ဘာ၊ ကော်ဖီ၊ ဆီအုန်း စသည့်စက်မှုကုန်ကြမ်း သီးနှံများကို  အများဆုံးစိုက်ပျိုးကြသည်ကို   တွေ့ရှိရ ကြောင်း၊ စိုက်ပျိုးမြေများတွင် လယ်ယာမြေ၊ ဥယျာဉ်မြေများသာမက အခြားမြေများကို ထည့်သွင်းထား သည့်အတွက် စိုက်ပျိုးဧကများ များပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင်မိုးစပါးစိုက်ဧက ၁၅ သန်းရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မိုးစပါး ၁၄ ဒသမ ၉ သန်းရှိသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လယ်စိုက်ပျိုးမှုအနေဖြင့် ၁၃ ဒသမ  ၁၇၅  သန်းရှိသည်ကို  တွေ့ရှိရကြောင်း၊ ယာစိုက်ပျိုးမှုမှာ ၆ သိန်း၊ တောင်ယာစိုက်ပျိုးမှုမှာ ၁ ဒသမ ၉ သိန်းပါရှိပြီး ထိုအထဲတွင် အခြားမြေများ လည်း  ပါဝင်သည်ကို  တွေ့ရှိရကြောင်း၊   မိုးစပါး စိုက်ဧကများ၌   မိုးစပါးစိုက်ပျိုးသည့်အချိန်တွင် အခြားသီးနှံများကို ဆက်လက်စိုက်ပျိုးမည်ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်အောင်ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်အဆိုပါ မိုးစပါးစိုက်ပျိုး မြေများမှ ၁ ဒသမ ၈ သန်းခန့်တွင် နွေစပါးစိုက်ပျိုး သည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးဧက ၁၃ ဒသမ ၁၇၅ သန်းတွင် သီးနှံအမျိုးမျိုးစိုက်ပျိုးမှုမှာ ၇ ဒသမ ၄၇၃ သန်းရှိသည့်အတွက် မိုးစပါးတစ်မျိုးသာ စိုက်ပျိုး မှုမှာ ၅ ဒသမ ၇၃ သန်းရှိသည်ကို တွေ့ရှိရကြောင်း။

 

ယခုအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက်  စိုက်ပျိုးမှုမရှိဘဲ   ကျန်ရှိနေသည့်မြေ  ၅ သန်း ၇ သိန်းကျော်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် မိုးစပါးထွက်ရှိမှုအနေဖြင့် တစ်ဧက လျှင် ပျမ်းမျှ ၇၂ ဒသမ ၆၄ တင်း ခန့်ထွက်ရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရန်ကျန်ရှိသည့် စိုက်ပျိုးမြေများ တွင် ၄ သန်းခန့်အား သီးထပ်စိုက်ပျိုးပြီး တစ်ဧက အထွက်နှုန်း ၇၂ ဒသမ ၆၄ တင်းဖြင့် တွက်ချက်မည် ဆိုပါက ၂၈၉ ဒသမ ၅၄ တင်းသန်း  ထွက်ရှိမည်ဖြစ် ကြောင်း၊ တစ်တင်းလျှင် ၁၀ဝ၀ဝ နှုန်းဖြင့် တွက်ချက် ကြည့်မည်ဆိုပါက  စပါးတင်းသန်း ၂၉၀  အတွက် ဘီလီယံ ၂၉၀ဝ ရရှိပြီး တိုင်းပြည်၏စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေ တိုးတက်လာမည် ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားများလည်း တက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်     ဖြစ်ကြောင်း၊ ထို့ကြောင့်   စိုက်ပျိုးရန်ကျန်ရှိသည့်    မြေများတွင် စိုက်ပျိုးမှုများ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 

အလားတူ အဆိုပါစိုက်ပျိုးခြင်းမရှိသည့် စိုက်ပျိုး မြေဧက  ၄ သန်းပေါ်တွင်   အခြားသီးနှံများနှင့် ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင်မည်ဆိုပါကလည်း စပါးကဲ့သို့   များစွာအကျိုးဖြစ်ထွန်းစေမည်   ဖြစ် ကြောင်း၊ မိမိတို့  နိုင်ငံအနေဖြင့်   နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲ မှုများရှိကြောင်း၊ ပြည်တွင်း စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ပြည်တွင်းဆီ ဖူလုံမှုကို ဖြစ်ပေါ်စေပြီး   ထိုမှတစ်ဆင့်   စားသုံးဆီများပိုလျှံ လာနိုင်မည်ဖြစ်ကြောင်း၊    စိုက်ပျိုးရေး လုပ်ငန်း တိုးတက်ခြင်းဖြင့် နိုင်ငံဂျီဒီပီ တိုးတက်နှုန်းကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံ၌ ၂၀၂၂  ခုနှစ်တွင်   ဝါစိုက်ပျိုးမှုမှာ ၄ ဒသမ ၅ သိန်းဧကခန့်ရှိကြောင်း၊ ၂၀၁၁  ခုနှစ်တွင် ဝါစိုက်ပျိုးမှု ၈ သိန်းကျော်ရှိခဲ့ကြောင်း၊  ဝါစိုက်ပျိုးမှု များ   မြှင့်တင်ရန်အတွက်    ယခုအခါနိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်ပျိုးမှုများကို ယခင်စိုက်ပျိုးဧကအတိုင်း စိုက်ပျိုးထုတ်လုပ် နိုင်မည်ဆိုပါက နိုင်ငံအတွက်လိုအပ်သည့် ချည်မျှင်များကို  လုံလောက်စွာ   ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အလားတူ အဆင့်မီသည့် ဝါများစိုက်ပျိုးထုတ်လုပ်နိုင် ရေးအတွက်လည်း နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  ပြည်သူများ   ဝတ်ရေးဖူလုံရေးအတွက် ဝါစိုက်ပျိုးမှုများကို   အောင်မြင်ဖြစ်ထွန်းအောင်  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ချည်မျှင်ထုတ်လုပ်သည့်   စက်ရုံများနှင့် အထည်ရက်လုပ်သည့်  စက်ရုံများတည်ဆောက်၍ ချည်ချောများ ထုတ်လုပ်နိုင်ရေး   ဆောင်ရွက်ရန် လိုကြောင်း၊ သို့မှသာ ပြည်ပမှ ချည်ထည်များ တင်သွင်းနေရမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း။

 

ဆီထွက်သီးနှံစိုက်ပျိုးမှုအနေဖြင့် မြေပဲစိုက်ပျိုး ဧက ၃ သန်း၊ နေကြာစိုက်ပျိုး ဧကတစ်သန်း၊ နှမ်း စိုက်ပျိုးဧက ၃ ဒသမ ၅ သန်း စိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မြေပဲတစ်ခုသာ ပန်းတိုင်ရည်မှန်းချက် ကို ပြည့်မီအောင်ထွက်ရှိကြောင်း၊ လက်ရှိစိုက်ဧကမှ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများကို စနစ်တကျ စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက်ကိုပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန်ပေါင်း ၁ ဒသမ ၃၆၉ သန်းထွက်ရှိမည်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ပန်းတိုင်ရည်မှန်းချက်ကို  ပြည့်မီအောင်   စိုက်ပျိုး နိုင်မည်ဆိုပါက စားအုန်းဆီမပါဘဲ ဆီဖူလုံမှု  ၂၀ဝ ရာခိုင်နှုန်းကျော်လွန်သည်ကို   တွေ့ရှိရကြောင်း၊ ထို့ကြောင့်   ဆီထွက်သီးနှံများ  စိုက်ပျိုးရေးနှင့် တစ်ဧကချင်းအထွက်နှုန်းများ   တိုးတက်စေရေး အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီများ စားသုံး နိုင်ရေး  ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊   စပါးစိုက်ပျိုးခြင်းနှင့်  ဆီထွက်သီးနှံများကို ပန်းတိုင် ရည်မှန်းချက်ပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့အတွက် ပထမခြေလှမ်းတစ်ခုဖြစ်မည်ဖြစ် ကြောင်း။

 

ပဲစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုးအပါအဝင် ကော်ဖီနှင့် ပြောင်း တို့သည်လည်း ကမ္ဘာပေါ်တွင်  လိုအပ်ချက်ရှိသည့် သီးနှံများဖြစ်ပြီး ဈေးကွက်လိုအပ်ချက်များ ရှိပြီးဖြစ် ကြောင်း၊ မြန်မာကော်ဖီသည်လည်း ပြည်ပဈေးကွက် ဝင်ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင်   စိုက်ပျိုးကြရန်   လိုကြောင်း၊ အလားတူ   ပြောင်းသည်လည်း    ပြည်ပဈေးကွက် ရှိပြီးဖြစ်သဖြင့် အဆိုပါ သီးနှံများ စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ သီးနှံများ အောင်မြင်ဖြစ် ထွန်းစွာ စိုက်ပျိုးနိုင်ရေးနည်းလမ်း ရှာဖွေဆောင်ရွက်ကြစေလိုကြောင်း။

 

 စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်လို

စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးရှိကြောင်း၊ ထိုအထဲတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးသည် အဓိကကျကြောင်း၊  ရေကိုအကျိုးရှိ ထိရောက်စွာအသုံးချပြီး စိုက်ပျိုးမည်ဆိုပါက အပင်များရှင်သန်ဖြစ် ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြေဆီမြေလွှာကောင်းမွန်ရေး ကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊  မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း စသည့် မြစ်ကြီး လေးသွယ်အပြင် အခြားမြစ်ချောင်းများလည်း များစွာရှိကြောင်း၊ မြစ်ရေ များကိုအဟောသိကံ မဖြစ်စေဘဲ  အကျိုးရှိစွာအသုံးချနိုင်ရေး   နည်းလမ်းရှာဖွေ ဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေး အတွက် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာများကို   ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် တင်ပြစေလိုကြောင်း၊ စပါးစိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ပြီး   နိုင်ငံ့စီးပွားရေး ကို  မြှင့်တင်ရန်လိုကြောင်း။

 

အချို့နေရာများတွင်   စိုက်ပျိုးရေးအတွက် ရေလုံလောက်စွာ ရရှိခြင်းမရှိသည့်အတွက် စိုက်ပျိုးမှုကို ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေကို လုံလောက်စွာ ရရှိအောင်ဆောင်ရွက် ပေးနိုင်မည်ဆိုပါက    စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ဧရာဝတီမြစ်အနီးရှိ   စိုက်ပျိုးမြေများကို လည်း မြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်နိုင် ကြောင်း၊ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့်လည်း ဆောင်ရွက် နိုင်ကြောင်း၊ အလားတူ အချို့မြစ်ကြောင်းများတွင် Low Head Dam များ တည်ဆောက်၍ ဆောင်ရွက် နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ယခင်သုတေသနပြုလုပ် ထားသည့်နေရာများမှ ရေလိုအပ် ချက်ရှိသည့် အချို့နေရာများကို  ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ဒွန်တွဲရေကာတာစနစ်ဖြင့်  ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်မှ သွားလာသည့်စနစ်အတွက် အသုံးပြုခြင်းနှင့် တစ်ဖက်မှ    လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်   မြစ်ရေတင်စီမံကိန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် အဆိုပါလုပ်ငန်းများ ဆောင်ရွက်သင့်သည့်   နေရာများရှိကြောင်း၊   ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများကို ရာသီမရွေး အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

 

ရေကို အဟောသိကံအသုံးပြုခြင်း   မရှိစေရေး စာသင်ကျောင်းများမှအစ အသိပညာပေး သင်ကြား ပေးရန်လိုကြောင်း၊ ရေကိုစိုက်ပျိုးရေးအတွက် အသုံး ပြုရာတွင် ရေပန်းစနစ်၊ အစက်ချစနစ်များဖြင့် အသုံး ပြုနိုင်ရေး အသိပညာပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးပညာရှင်များအနေဖြင့် ရေကိုစနစ်တကျ အသုံးချစေရေး အသိပညာပေး  ဆောင်ရွက်ပေးရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေး သည် တစ်ဟုန်ထိုးတိုးတက်သွားနိုင်သည်ဟု ယုံကြည် ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးစွမ်းအား မြှင့်တင်ခြင်း အားဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အဓိကထား ဆွေးနွေးပေးနိုင်ရန်ပြောကြားသည်။

 

သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်  ဒုတိယဝန်ကြီးချုပ် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက      နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်   ပြည်နယ်များတွင်    စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးအတွက် လိုအပ်သည့်စိုက်ပျိုး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်သွား မည့် စီမံချက်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လျာထား စီမံချက်များနှင့် စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေတို့ကို  ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုး၊ ဦးသောင်းဟန်နှင့် ဦးမျိုးမြင့်ဦး တို့က   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ တိုးတက် ရေးအတွက် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ထားရှိမှုအခြေ အနေ၊ စိုက်ပျိုးရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် ပံ့ပိုးဆောင်ရွက်နေမှုနှင့် စိုက်ပျိုးရေးကဏ္ဍတွင်  အဓိကလိုအပ်သည့် စိုက်ပျိုးရေလုံလောက် စွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် ဓာတ်မြေဩဇာများ  ထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဆက်လက်ထုတ်လုပ်ရန် လျာထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုး စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း ဝမ်းစာဖူလုံရေးဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။

 

ယင်းနောက်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆီအုန်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးအတွက် သုတေသန ပြုဆောင်ရွက်လျက်ရှိမှု၊   ရာသီဥတုပြောင်းလဲမှုကြောင့်  ဆည်တမံများအတွင်း   ရေဝင် ရောက်မှု နည်းပါးလာခြင်းကြောင့် ရေသုံးစွဲမှုများကို ယာယီရေထိန်းဆည်များ၊ တမံများဆောက်လုပ်၍ ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်သူများနှင့် တောင်သူများ ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု၊ ရေအလေအလွင့်နည်းပါးစေရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးသီးနှံများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ လယ်ယာကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များ ပြုစုလျက်ရှိမှု၊ စက်မှုလယ်ယာကဏ္ဍ   ဖော်ဆောင်လျက်ရှိမှုနှင့် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုး စွမ်းအားမြှင့်တင်ရေးနှင့်  သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် တောင်သူများ  ပါဝင်လာရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို  ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဖြည့်စွက်မှာကြား

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ် သကဲ့သို့     စက်မှုလယ်ယာစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧကကွက်များကို ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဧကကွက်များ ဖြင့်စိုက်ပျိုးခြင်းဖြင့် ကောက်ကွက်များ ပိုမိုဝင်ဆံ့နိုင်သကဲ့သို့ သီးနှံအထွက်နှုန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူခေတ်မီ စက်ကိရိယာများဖြင့် စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း များကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် လေလွင့်ဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ်ပြီး စက်မှု လယ်ယာ စနစ်ကိုအကောင်အထည်ဖော်  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လွယ်ကူလျင်မြန်စွာဖြင့် ပို့ဆောင်နိုင်မည်ဖြစ် ကြောင်း၊ လယ်မြေများဆုံးရှုံးမှုမရှိစေရေး လယ်ယာမြေများကို   အခြားနည်းများဖြင့်    အသုံးချခြင်း မရှိစေရေး   ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက် နှုန်းများ တိုးတက်စေရေး ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊   စိုက်ပျိုးရေလုံလောက်စွာ    ရရှိရေးအတွက် အဓိကကျသော မြေအောက်ရေ ထုတ်ယူ သုံးစွဲရေးအတွက် မူဝါဒတိတိကျကျ သတ်မှတ်ရန်လိုကြောင်း၊ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် သဘာဝမြေဩဇာ သို့မဟုတ် ဓာတ်မြေဩဇာ အသုံးပြုရန်လိုအပ်ကြောင်း၊  ဒေသအလိုက်   ရရှိနိုင်သည့် သဘာဝမြေဩဇာ ကို ပြည့်စုံကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ထုတ်လုပ်သုံးစွဲသွားနိုင်ရန်လိုအပ် ကြောင်း၊ နေပြည်တော် သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲတွင်  စံပြဖြစ်ရန် လိုအပ်ပါကြောင်း၊   သီးထပ်စွမ်းအားတိုးတက်စေရေး  တစ်နှစ်လျှင်   နှစ်သီးမှ သုံးသီးအထိ  စိုက်ပျိုးရန်၊  တစ်ဧကအထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ရန်နှင့် စိုက်ဧကများ လျော့နည်းသွားမှုမရှိအောင်   ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရန် ဒေသရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်သီးနှံများ ကို ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ထားသည့် စိုက်ပျိုးမြေများတွင် အပြည့်အဝ စိုက်ပျိုးမှုရှိစေရေး တာဝန်ရှိသူများက   ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဒူးရင်းသီးစိုက်ပျိုးမှုနှင့် ပတ်သက်၍လည်း တိုးတက်အောင်ဆောင်ရွက်ရန်   လိုသကဲ့သို့  ကိုကိုးများနှင့် အုန်းစိုက်ပျိုးမှုများ ကိုလည်း   အောင်မြင်ဖြစ်ထွန်းအောင်  ဆောင်ရွက်စေလိုကြောင်း၊ ဒေသအလိုက် ထွက်ရှိသည့် ရာသီသီးနှံများသည်လည်း စိုက်ပျိုးရေးတောင်သူများအတွက် ဝင်ငွေများပိုမိုရရှိစေမည်ဖြစ် သဖြင့်   ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ကြစေလိုကြောင်း၊  စိုက်ပျိုးရေများ  လုံလောက်စွာရရှိရေး နိုင်ငံတော်အနေဖြင့်   မြစ်ရေတင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် သကဲ့သို့  ဒေသအလိုက်   အစီအစဉ်များဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ရော်ဘာများ  စိုက်ပျိုးရာတွင်လည်း   အထွက်နှုန်း ကောင်းမွန်စေရေးနှင့်   တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး  ဆောင်ရွက်ပေးရန်လိုကြောင်း၊ ရော်ဘာအထွက်နှုန်းများ   တိုးတက်စေရေးအတွက် စိုက်ပျိုးရာတွင် နည်းစနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဆီအုန်းများ စိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရန်နှင့် နည်းစနစ်တကျ စိုက်ပျိုးရန်လိုကြောင်း။

 

စိုက်ပျိုးရေနှင့်ပတ်သက်၍ အနိမ့်ဆုံးလိုအပ်ချက် ဖြစ်ရန်လိုကြောင်း၊ ရေပေးဝေမှုနှင့်  ပတ်သက်၍ အလေအလွင့်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ရေသွယ်စနစ်နှင့်  ရေဖြန့်စနစ်များကို စနစ်တကျဖြင့်ဆောင်ရွက်၍  ရေကို အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် နိုင်ငံတော် မှ ဆောင်ရွက်သကဲ့သို့  အချို့သော  လုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍအနေဖြင့်လည်း   ဆောင်ရွက်သင့် ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်သီးနှံ၊ နိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်းစေမည့် သီးနှံများကို   ဦးစား ပေးအနေဖြင့်    သုတေသနပြုဆောင်ရွက်သွားရန် လိုကြောင်း၊   မိမိတို့အနေဖြင့်   ထိန်းသိမ်း ရမည့် ပေါ်ဆန်းမွှေးကဲ့သို့သော မိမိတို့နိုင်ငံ၏ မျိုးရင်းများကို ထိန်းသိမ်းရန်လိုသကဲ့သို့ အထွက်နှုန်းတိုးတက်စေရန်နှင့် အရည်အသွေးများ  ပိုမိုတိုးတက်လာအောင် သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ပန်းမန်နှင့် ပတ်သက်၍လည်း မေမြို့ပန်း၊ ဒေလီယာပန်းနှင့် အခြား မိမိတို့နိုင်ငံမှထွက်ရှိသည့် ပန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် သုတေသနပြုထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊   လယ်ယာမြေစိုက်ဧကများနှင့် စိုက်ပျိုးသည့် သီးနှံစာရင်းများ  မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လူသန်း ၁၀ဝ အတွက် စိုက်ပျိုးမြေလုံလောက်စွာရှိရန် မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့်  လယ်ယာမြေများကို အခြားနည်းများဖြင့်  သုံးစွဲမှုမရှိစေရေး  ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ် သည့် စက်ယန္တရားများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်ပြီး အသုံးပြုနိုင်ရန်လိုကြောင်း၊ စက်သုံးဆီ ဖြင့်  အသုံးပြုသည့်    စက်ယန္တရားများရှိသကဲ့သို့ လျှပ်စစ်စွမ်းအားဖြင့် အသုံးပြုနိုင်သည့် စက်ယန္တရား များကိုလည်း  အသုံးပြုနိုင်ရေး   ရေရှည်မျှော်တွေးဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များအတွက် လူသားအရင်းအမြစ်များလိုအပ်လျက် ရှိသဖြင့် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်သူများကို   သက်ဆိုင်ရာဘာသာရပ်များအလိုက် အဆင့်မြင့်ပညာ များကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း၊  လိုအပ်သည့်   ဆရာ ဆရာမများ မွေးထုတ်ပေး နိုင်ရေးအတွက်လည်း   ဆောင်ရွက်ရန်လိုကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြှင့်ပေးရန် လိုကြောင်း ဖြင့် မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တက် ရောက်လာကြသူများအနေဖြင့် ပြည့်စုံစွာရှင်းလင်း ဆွေးနွေးသွားသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထား   ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လိုအပ် ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး  ထုတ်လုပ်မှုကို   မြှင့်တင်ပေးရန်နှင့်   သီးထပ်စွမ်းအားများကို မြှင့်တင်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံများကိုသာမက မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းသည်လည်း နိုင်ငံအတွက် ဝင်ငွေကိုပိုမို ရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် နယ်ပယ်ပေါင်းစုံမှ စဉ်းစား၍  ဆောင်ရွက်ကြစေလိုကြောင်း။

 

သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍   နိုင်ငံ့အကျိုးစီးပွားအတွက်   သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ပြည်သူများ အနေဖြင့်  အသိပညာအားနည်းသည်ကို   တွေ့ရှိရ ကြောင်း၊ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသူ များအနေဖြင့်လည်း ပညာရှင်ဆန်ဆန်ရေးသားခြင်း၊ ထုတ်လွှင့်ခြင်းများထက် လူအများနားလည် နိုင်သည့် အသုံးအနှုန်းများဖြင့် ပညာပေးဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးစလုံး  ပြည့်စုံအောင် ဆောင်ရွက်မှသာ သီးနှံအထွက်နှုန်းများ  တိုးတက် လာမည်ဖြစ်ကြောင်း၊ မြေယာပြုပြင်ခြင်းလုပ်ငန်း သည် စိုက်ပျိုးရေးအတွက် အဓိက ကျကြောင်း၊ ချောင်း၊ မြောင်းများအတွင်းစီးဆင်းနေသည့် ရေများကိုယာယီ ရေပိတ်တမံများပြုလုပ်၍ စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးချနိုင်ရန်လိုကြောင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေးအတွက် ပင်ခြား၊ တန်းခြားများ မှန်ကန်ရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်နည်း စနစ်များ မှန်ကန်မှသာ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအမြတ်များကို ရရှိခံစား နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ  အချက်  လေးချက်ကို လိုက်နာပြီး ဆောင်ရွက်မှ မိမိတို့မျှော်မှန်းထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်   စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးကို  များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊  ကုန်ထုတ်လုပ်မှုများ   ဆောင်ရွက်ရာတွင်  အရည်အသွေးပြည့်မီသည့်   ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေခံမြေခံကောင်းများ ရှိပြီးဖြစ်သည့်  မိမိတို့နိုင်ငံအနေဖြင့်   စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက်     ပိုမိုထုတ်လုပ်နိုင်ခြင်းဖြင့်     ပြည်ပသို့  ပို့ကုန်များ  ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး နိုင်ငံခြား ဝင်ငွေများ  တိုးတက်လာမည်ဖြစ်ကာ    နိုင်ငံ့စီးပွားများ  ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း      ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အစည်းအဝေး တက်ရောက်လာကြသူများသည်   ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရေဆင်းစိုက်ပျိုးရေးသုတေ သနဦးစီးဌာနက သုတေသနပြုစိုက်ပျိုးထုတ်လုပ်ထားသည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နေကြာ၊ ဆီထွက် သီးနှံများ၊  မီးဖိုချောင်သုံးသီးနှံများ၊  ပန်းပေါင်းစုံ ပျားရည်များကို  လှည့်လည်ကြည့်ရှု    စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်