စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၂၂

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ စတုတ္ထအကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ဇွန် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က online မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းတို့က မျှော်မှန်းဆောင်ရွက်ချက်များနှင့် သုတေသနစာတမ်း ဖတ်ပွဲကျင်းပရခြင်းတို့ကို ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာဆိုင်ရာအသီးသီးမှ အကြီးအကဲ များ၊ သုတေသနပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါစာတမ်းဖတ်ပွဲကို ဇွန် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးတက္ကသိုလ်၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တပ်မတော် ဆေးသုတေသန၊ မန္တလေး(ဝိဇ္ဇာသိပ္ပံတက္ကသိုလ်)၊ ပုသိမ်တက္ကသိုလ် တို့က ဖတ်ကြားကြမည်ဖြစ်သည်။

မျိုးသီဟ(ပြန်/ဆက်)