စိုင်းစိုင်း မန္တလေးရှိုးပွဲတွင် လူဦးရေ တစ်သောင်းခန့် လာမည်ဟု မျှော်မှန်ထားဟုဆို

မန္တလေး ၂၄ မေ


စိုင်းစိုင်း မန္တလေးရှိုးပွဲမှာ လူဦးရေ တစ်သောင်းခန့် လာမယ်ဟု မျှော်မှန်းထားကြောင်း စိုင်းစိုင်းခမ်းလှိုင် က ပြောသည်။

 

1

 


စိုင်းစိုင်းမန္တလေးရှိုး၂၀၁၉ (SAI SAI Mandalay Show 2019) ကို အခုလ ၂၅ ရက်မှာ မန္တလာသီရိ ဘောလုံးကွင်းအတွင်း ကျင်းပမှာဖြစ်ပြီး အဆိုပါရှိုးပွဲအကြောင်း သတင်းစာရှင်းပွဲတွင် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။


‘ရန်ကုန်ပွဲတုန်းက ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။ ၇၀ ရာခိုင်နှုန်းက ရောင်းချခဲ့ပြီး ၃၀ ရာခိုင်နှုန်းက ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ ဖြစ်ပါတယ်။ မန္တလေးပွဲမှာတော့ ပရိတ်သတ် တစ်သောင်းလောက် လာမယ်လို့ မျှော်မှန်းထားပါတယ်’ ဟု မန္တလေးမြို့ Hotel Sakaura Princess တွင် ကျင်းပသည့် သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


စိုင်းစိုင်းမန္တလေးရှိုးတွင် ရန်ကုန်မှာ ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် SAI SAI Birthday Show အပြင်အဆင်အတိုင်း ကျင်းပမှာဖြစ်ပြီး အဆိုတော်ကောင်းမြတ်၊ ဖြိုးကြီး၊ အောင်ထက်၊ ဘန်နီဖြိုး၊ G Fat၊ အမရာဘုန်း စသည့်အဆိုတော်များလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်ပွဲတွင် မဆိုခဲ့သည့် သီချင်းအသစ် ၈ ပုဒ်ခန့်အပါအဝင် သီချင်းတော်တော်များကို သီဆိုမည်ဖြစ်ကြောင်း၊ မန္တလေးရှိုးပွဲကို လာရောက်သည့် ပရိတ်သတ်များအတွက် မိတ်ကပ်၊ ဆံပင်ပြင်ပေးခြင်း များဆောင်ရွက်ပေးမည့်အပြင် ဓာတ်ဆားရည်၊ ရေသန့်ဘူးများကိုလည်း အခမဲ့ပေးမည်ဖြစ်ကြောင်း သိရသည်။ ရှိုးပွဲအတွက် လက်မှတ်ခနှုန်းထားများမှာ ၁၂၀ဝ၀  ကျပ်၊ ၃၀ဝ၀ဝ ကျပ်၊ ၅၀ဝ၀ဝ ကျပ်များဖြစ်ကြောင်း သိရသည်။


ရှိုးပွဲကျင်းပမည့် မန္တလာသီရိ ဘောလုံးကွင်းအတွင်း စီစီတီဗွီ အပြည့်တပ်ဆင်ထားပြီး၊ လုံခြုံရေးလည်း အပြည့်ချထားမည်ဖြစ်ကြောင်း သိရသည်။ စိုင်းစိုင်း မန္တလေးရှိုး ၂၀၁၉ သည် မန္တလေးမြို့တွင် ၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀ဝ၆ ခုနှစ်၊ ၂၀ဝ၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၈ ခုနှစ်တို့တွင်လည်း ရှိုးပွဲများကျင်းပခဲ့သည်။


အိမို့မို့ခိုင်