စက်မှုလယ်ယာ နည်းပညာသင်တန်းသား သင်တန်းသူများအား ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ

ဝါးခယ်မ       ဇူလိုင်       ၁၄

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ဝါးခယ်မ)မှ စက်မှုလယ်ယာ နည်းပညာ သင်တန်းသား သင်တန်းသူများအား KUBOTA ကောက်စိုက်စက် (-တန်းသွား) ဖြင့် စပါးစိုက်ပျိုးခြင်း လက်တွေ့ သရုပ်ပြပွဲကို ဇူလိုင် ၁၃ ရက် ညနေပိုင်းက ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေရွာ ကွင်းအမှတ် (၁၀၀၃) ဦးပိုင်အမှတ်(၁၇/) တောင်သူ ဦးရွှေပွား၏ လယ်ယာမြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့  ()တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာ လိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်သောင့်သက်သာ စိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်း တွင်ကျယ်၍ ပြီးစီးမှုပိုမြန်ခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အောက်ပင်လှန်ရန် စောင့်ဆိုင်းရန်မလိုခြင်း၊ ပျိုးပင်ပွားမှုနှုန်း ကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် စပါးခင်းအား ရိတ်စက်၊ ရိတ်သိမ်းခြေွ လှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)