စက်မှုဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် မေ

 

စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေ သွန်းလောင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၃၇)နှင့် ရုံးအမှတ် (၄၁)အကြားရှိ မဟာဗောဓိညောင်ပင်တည်ရှိ သည့် ထီးသုံးလက်တောင်ကုန်းတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားသို့ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းမှ ဆရာတော်သံဃာတော် (၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများနှင့် ဇနီးများ၊ အထွေထွေမန်နေဂျာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုကြသည်။

 

ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားတွင်သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်း ပဓာန နာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ဒုတိယဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ကို ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူကြ သည်။

 

ထို့နောက် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုတို့က ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့က ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်းကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ထို့နောက် ကြွရောက်ချီးမြှင့်ခဲ့သည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)