စက်သုံးဆီဆိုင်များနှင့် လူနေအိမ်များ မီးလောင်မှု မဖြစ်ပွားစေရေး အသိပညာပေး

ဝက်လက်  ၂၉  ဇူလိုင်

 

စက်သုံးဆီဆိုင်များနှင့် လူနေအိမ်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဝက်လက်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်းနိန်နှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်များနှင့် လူနေအိမ်များတွင် အသုံးပြုသည့် လျှပ်စစ်မီး၊ ထင်းမီး၊ မီးသွေးမီးဖိုများ၊ လျှပ်စစ်ဝါယာကြိုးများ စစ်ဆေးကာ မီးသတ်ဆေးဘူးများ စနစ်တကျ သုံးစွဲတတ်စေရေးအတွက် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် အရေးပေါ်အခြေနေများ ပေါ်ပေါက်လာပါက ဆက်သွယ်ရန် မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား စက်သုံးဆီဆိုင်နှင့် နေအိမ်များတွင် ကပ်ပေးခဲ့ကြောင်း သိရသည်။

 

စိုးစိုးလှိုင်(ဝက်လက်)