စက်သုံးဆီဈေး ပြန်လည်ကျဆင်းလာသဖြင့် အငှားယာဉ်မောင်းများ အဆင်ပြေလျက်ရှိ

ရန်ကုန် ၁၅ ဒီဇင်ဘာ

 

ခေတ်မီစီးပွားရေးမြို့တော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော အငှားယာဉ်မောင်းများသည် ယနေ့ နံနက်ပိုင်းက စက်သုံးဆီဈေး ပြန်လည်ကျဆင်းလျက်ရှိသဖြင့်  အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခင်က ၁၀၅၀ ကျပ်ကျော်ကနေ ယနေ့မှာ ၈၁၀ ကျပ်သာရှိတော့ကြောင်း၊ ဆက်လက်ပြီး ကျဆင်းနိုင်သည့် အခြေအနေလည်း ရှိနေကြောင်း၊ ဆီဈေးတက်တုန်းက တွက်ခြေမကိုက်၍ ကားများရပ်ထားရကြောင်း၊ ယခု အုံနာကြေးနှင့် ဆီဖိုးနှုတ်ပြီး ကျပ်တစ်သောင်းခန့် အမြတ်ကျန်ကြောင်း အငှားယာဉ်မောင်း ဦးထွန်းထွန်းအောင် ကပြောသည်။

 

ဂျပန်နိုင်ငံတွင် လမ်းတစ်လမ်းလျှင် ယာဉ်ထိန်းရဲ တစ်ယောက်နှုန်းထားနိုင်သဖြင့် ယာဉ်ပိတ်ဆို့မှုကင်းဝေးပြီး၊ မြန်မာနိုင်ငံတွင် ယာဉ်ထိန်းရဲအင်အား နည်းပါးခြင်း၊ ယာဉ်မောင်းများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ယာဉ်ပိတ်ဆို့မှု များပြားနေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (Y U P T)မှ အစီးရေ(၈၀၀)ကျော်ဖြင့် ပြေးဆွဲပေးနေပြီး၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကွပ်ကဲမှု အာဏာပိုင်အဖွဲ့(Y R T A) အစီအစဉ်ဖြင့် ကုမ္ပဏီ(၁၈)ခုကျော်မှ ပြေးဆွဲနေသည့် Y B S ကားများကြောင့် ခရီသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ကြောင်း ဂိတ်မှူး ဦးအောင်ဇော်မြင့် ကပြောသည်။

 

ယခင်ကဆိုလျှင် ချွေးသံတစ်လုံးလုံးဖြင့် တိုးဝှေ့စီးရသည့်အနေအထားမှ ယခုဆိုလျှင် (Aircon Bus)ကားများဖြင့် ဇိမ်နှင့်စီးရကြောင်း ခရီးသည်တစ်ဦးက ပြောပြခဲ့သည်ဟု သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)