စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်၊ အိမ်ပြိုမိသားစုများနှင့်ဘုန်းတော်ကြီးကျောင်းအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

စလင်း   ၂၉    မေ 

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မေလ ၂၆ ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများဖြစ်၍ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

1

 

ထိုပေးအပ်ပွဲတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်စိုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကြပြီး လေပြင်းတိုက်၍ ပျက်စီးသွားသည့် ကျေးရွာအုပ်စု(၁၂)အုပ်စု၊ ကျေးရွာ(၁၆)ရွာတို့မှ အမိုးလန်အိမ်ခြေ(၈၅)အိမ်အတွက် တစ်အိမ်ထောင်လျှင် ၄၀ဝ၀ဝ နှင့် ဆန်ရိက္ခာဖိုး ငွေလူတစ်ဦးလျှင် ၇ ရက်စာ ငွေကျပ် ၂၁၀ဝ၊ ပြိုကျအိမ်ခြေ(၁၅)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)အိမ်လျှင် ကျပ်ငွေ ၁၀ဝ၀ဝ၀၊ ဆန်ရိက္ခာဖိုးငွေလူတစ်ဦးလျှင်(၇)ရက်စာ ငွေကျပ် ၂၁၀ဝ ကယ်ဆယ် ရေး ပစ္စည်း(၁)အိမ်လျှင်(၁၅)မျိုးနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအတွက် ထောက်ပံ့ငွေ ၁၀ဝ၀ဝ၀ တို့ကို တာဝန်ရှိသူများကပေးအပ်ရာ ဖြစ်စဉ်အတွင်းပါဝင်သော မိသားစုဝင်များက လက်ခံရယူခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။

 

MDN