စလင်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၇၃ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်

စလင်း ၇ ဇွန် 

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန(နေပြည်တော်)မှ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပညာရေးဌာန၏ အခြေခံပညာကျောင်း (၇၃) ကျောင်းအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြင့်လိုက်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

စလင်းမြို့နယ်အတွင်းရှိ အဆင့်တိုးသည့်ကျောင်းများမှာ အ.ထ.က(ခွဲ)မှ အ.ထ.ကသို့ (၅)ကျောင်း၊ အ.လ.ကမှ အ.ထ.က(ခွဲ)သို့ (၃၁) ကျောင်း၊ အ.လ.က(ခွဲ)မှ အ.လ.ကသို့ (၁၄)ကျောင်း၊ မူလွန်မှ အ.လ.က(ခွဲ)သို့ (၈)ကျောင်း၊ အ.မ.ကမှ မူလွန်သို့ (၁၀)ကျောင်း၊ အ.မ.က(ခွဲ)မှ အ.မ.ကသို့ (၂)ကျောင်း၊ ကိုယ်အားကိုယ်ကိုးကျောင်းမှ အ.မ.က(ခွဲ)သို့ (၃)ကျောင်း စုစုပေါင်း(၇၃)ကျောင်းအား အဆင့်တိုးမြှင့် လိုက်ခြင်းဖြစ်သည်။

 

စလင်းမြို့နယ်၌ ယခု၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အ.ထ.က (၁၄)ကျောင်း၊ အ.ထ.က(ခွဲ) (၄၅)ကျောင်း၊ အ.လ.က (၂၂)ကျောင်း၊ အ.လ.က(ခွဲ) (၁၇)ကျောင်း၊ မူလွန် (၃၂)ကျောင်း၊ အ.မ.က (၁၇၁)ကျောင်း၊ အ.မ.က(ခွဲ) (၆)ကျောင်း စုစုပေါင်း (၃၀၇)ကျောင်းဖွင့်လှစ်လျှက်ရှိပြီး မူလတန်းအဆင့်တွင် ကျောင်းသားကျောင်းသူ (၁၉၈၄၉)ယောက်၊ အလယ်တန်းအဆင့်တွင် (၁၅၅၅၃)ယောက်၊ အထက်တန်း အဆင့်တွင် (၃၃၇၅)ယောက် စုစုပေါင်းကျောင်းသားကျောင်းသူ (၃၈၇၇၇)ယောက် ပညာသင်ကြားနေကြောင်း သိရသည်။

 

စိုးမိုးသူ (စလင်း)

 

2.05