စလင်းမြို့နယ်တွင် ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ  ပြုလုပ်

စလင်း မေ ၁၉

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝိုင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမဆောင်အတွင်း၌ စလင်းမြို့နယ် အတွင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို မေလ ၁၉ ရက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင် တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ စလင်းမြို့နယ်ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင် တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စလင်းမြို့နယ်မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက စလင်းမြို့နယ်အတွင်း၌ အထကကျောင်း (၁၄) ကျောင်း၊ အထကခွဲ(၄၆)ကျောင်း၊ အလက(၂၅)ကျောင်း၊ အလကကျောင်းခွဲ(၁၇)ကျောင်း၊ မူလတန်းကျောင်း (၁၆၆) ကျောင်း၊ မူလတန်းကျောင်းခွဲ(၇)ကျောင်း၊ မူလတန်းလွန် ကျောင်း(၃၃)ကျောင်းနှင့် စုစုပေါင်း(၃၀၈)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး(၃၀၈)ဦးအား စီမံခန့်ခွဲမှု ဆိုင်ရာ၊ ဘဏ္ဏရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာဘာသာရပ်များ လေ့လာတည်းဖြတ်အကဲဖြတ်ခြင်း၏ အရေးပါမှုနှင့် တတ်မြောက်မှုစစ်ဆေးခြင်းများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ စသည့်ဘာသာရပ်များကို (၁၉.၅.၂၀၂၂)ရက်နေ့မှ (၂၀.၅.၂၀၂၂)ရက်နေ့အထိ (၂)ရက်တာမျှ ဆွေးနွေးသင်ကြားပေးသွာမည်ဖြစ်ကြောင်းနှင့် (၂၆)ရက်နေ့ ကျောင်းများအပ်နှံနိုင်ရေးတို့ကို ဆရာကြီးဆရာမကြီးများနှင့် ကျောင်းသားမိဘများပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

     

မောင်လွင်(စလင်း)