စလင်းမြို့နယ်တွင် ရွှေ့ပြောင်းအိမ်ထောင်စု(၃၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့

စလင်း ဇွန် ၁

   

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင်  ဧရာဝတီမြစ်ကပ်းပါး ပြိုကျမည့်ဘေးကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု (၃၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းကို မေ ၃၁ ရက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သနပ်ကုန်းကျေးရွာ၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုများရှိ ရွှေ့ပြောင်းအိမ်ထောင်စု (၃၂) စုတို့အတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် (၂၄၇၈၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၃၂၀၀၀၀၀)ကျပ် စုစုပေါင်း (၃၄၄၇၈၀၀) ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)