စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်း အစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၉ 

စွမ်းအင်ဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင် ရွက်ခဲ့မှုများပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး က ရေနံနှင့်သဘာဝဓာတ်ငွေ့ ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်  ပြည်တွင်း၊ ပြည်ပမှနည်းပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များနှင့်အညီ ခေတ်နှင့်လျော် ညီသည့် စွမ်းအင်မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ရေးဆွဲသွားရန်လိုအပ်ကြောင်း၊ ထိုသို့ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များရေးဆွဲရာတွင် နှစ်အလိုက်ဆောင်ရွက်ခဲ့ သည့်လုပ်ငန်းစဉ်များအပေါ်သုံးသပ်၍ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်မှသာ ထိရောက် ကောင်းမွန်မှန်ကန်နိုင်မည်ဖြစ်ကြောင်း။

စွမ်းအင်ဝန်ကြီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများအပေါ်ပြန်လည်သုံးသပ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြည့်မီအောင်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံပိုင်ပစ္စည်းများဆုံးရှုံးမှုမရှိစေရေး သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ စီမံချက်များကြိုတင်စီမံဆောင်ရွက်ထားရန် လိုကြောင်း၊ လုပ်ငန်းခွင်မတော်တဆဖြစ်စဉ်များ မဖြစ်ပေါ်စေရေး အထူးကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေး မှူးများက ဌာနအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးသန့်စင် က ဖြည့်စွက်ဆွေးနွေးပြီး  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်