စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့် အဆောက်အအုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၂၃ ဇန်နဝါရီ


ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် ပန်းတနော်လမ်းထောင့်ရှိ အထပ်မြင့် တိုက်အပေါ်ဆုံးထပ်တွင် ယနေ့ နံနက် ၅ နာရီ ၃၉ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ကနဦးသတင်းအရ သိရသည်။ 

123


စမ်းချောင်းမြို့နယ်  လင်းလွန်းတောင်ရပ်ကွက် ဗဟိုလမ်းရှိ အမှတ်(၇၁)ရှိ ပိုင်ရှင်ဦးမြခိုင်နှင့် ဒေါ်မြမြတို့မှ ဖွင့်လှစ်ရောင်းချသော ငွေတောင် လက်ဖက်ရည်ဆိုင်တွင် အဖျော်ဆရာမှ ရေနွေးအိုးတည်ရန်အတွက် ဂက်စ်မီးဖိုဖွင့်ရာမှ မီးပန်းထွက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

123


မီးလောင်ရာသို့ မီးသတ်ဌာန ညွန်ကြားရေးမှူး ဦးသိန်းထွန်း၊ မီးသတ်တိုင်းဦးစီးမှူး ဦးဆောင်သော မီးသတ်အင်အား ၁၇၀ လာရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး (စုံစမ်းဆဲ) သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။


MDN