စမ်းချောင်းမြို့နယ်တွင် လျှပ်စစ်မိန်းဘရိတ်ကာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား လူနေအိမ် အဆောက်အဦ သုံးလုံး မီးလောင်ကျွမ်း

ရန်ကုန် ၁၇  ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ် ကွက်၊ ဘာဝနာလမ်းတွင် ယနေ့ မွန်းလွဲပိုင်းက လျှပ်စစ်မိန်းဘရိတ်ကာမှတဆင့် မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် အဆောက်အဦ သုံးလုံး မီးလောင်ကျွမ်းခဲ့သည်။

ရန်ကုန် အနောက်ပိုင်း ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးဌေးဝင်းက ''အိမ်အမှတ် (၂၆) အောက်ထပ်က လျှပ်စစ်မိန်းဘရိတ်ကာကနေစလောင် တယ်လို့ လျှပ်စစ်ဌာနကရော၊ မီးသတ်ဌာနကပါ အတည်ပြုပါတယ်။ အဓိကက လူမရှိဘဲ တံခါးပိတ်ထားတဲ့အတွက် မီးများတော့မှပဲ အပြင်ကလူတွေသိကြရတာပါ။ ဒီဖြစ်စဉ် ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး''ဟု ပြောသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းတည့် ၁၂ နာရီခန့်က အဆိုပါလမ်းရှိ အိမ်အမှတ်(၂၆) အုတ်ညှပ်နှစ်ထပ်တိုက် အဆောင်အဦ အောက်ထပ်ရှိ လျှပ်စစ်မိန်းဘရိတ်ကာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာတာဝန်ရှိ သူ များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ နာရီဝက်ခန့်အကြာတွင် မီးငြိမ်းသွားသည်။

''ညှော်နံ့ရလို့ အောက်ထပ်ဆင်းကြည့်တဲ့အချိန်မှာ ခြေရင်းအိမ်က မီးခိုးတွေထွက် လာတာနဲ့ ဆင်းပြေးလာကြတာ။ ပစ္စည်းတွေယူမယ်လုပ်တုန်း မီးခိုးတွေက အထဲဝင် လာပြီး ချက်ချင်းလောင် သွားတာနဲ့ ဘာမှမယူခဲ့ရဘူး''ဟု အဆိုပါဖြစ်ပွားမှုတွင်ပါဝင်သည့် ပျဉ်ထောင်အိမ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

မီးလောင်မှုကြောင့် အဆိုပါ အိမ်အမှတ် (၂၆) အုတ်ညှပ်အဆောက်အဦ၏ အပေါ် ထပ်၊ အောက်ထပ်နှင့်အတူ ယင်းအဆောက်အဦ၏ ဝဲ၊ယာရှိ ပျဉ်ထောင်အိမ်အပေါ် ထပ်နှင့် သံကူ ကွန်ကရစ်အမျိုးအစားအဆောက်အဦ အပေါ်ထပ်တို့ အားမီးကူးစက်လောင် ကျွမ်းခဲ့ သဖြင့် မီးလောင်ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၇၅ သိန်းခန့်ဆုံးရှုံးခဲ့ကြောင်း လက်ထောက်ညွှန် ကြားရေးမှူး ဦးဌေးဝင်းထံမှ သိရသည်။ 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး