CMP သွင်းကုန် ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃)ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈ 

CMP သွင်းကုန် ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားသည်။ 

အစည်းအဝေးတွင် ဆပ်ကော်မတီ၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် CMP ပို့ကုန်သွင်းကုန်များ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖြည့်စွက်ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပေါ်ဆွေးနွေးကြရာ  ဒုတိယဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းပေးသည်။

အစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ချုပ်၊ CMP နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊  CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်