စင်ကာပူ၌ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဇီကာဗိုင်းရပ်စ်တွေ့ရှိကြောင်း ထုတ်ပြန်

စင်ကာပူ ၂၄ ဇန်နဝါရီ

၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းက အမြစ်ပြတ်ချေမှုန်းခဲ့ပြီးဖြစ်ပေမယ့်လည်း စင်ကာပူနိုင်ငံမှာ၂၀၁၈ ခုနှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ် ဇီကာဗိုင်းရပ်စ် တွေ့ရှိရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားပတ်ဝန်းကျင်အေဂျင်စီက ဇီကာရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ဆေးစစ်တမ်းကို  ပြီးခဲ့တဲ့ ကြာသပတေးနေ့က အာဏာပိုင်တွေဆီ ပေးပို့ပေးထားပြီး ဝက်ဘ်ဆိုက်မှာလည်း တင်ထားပါတယ်။ လက်ရှိအချိန်မှာ ရောဂါပိုးဟာ ပျံ့နှံ့ခြင်းမရှိသေးဘဲ ဖြစ်ပွားမှုတစ်ခုသာ ရှိသေးတယ်လို့လည်း အေဂျင်စီက ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းက စင်ကာပူနိုင်ငံမှာ ဇီကာရောဂါဖြစ်ပွားမှု ၆၁ ခုရှိခဲ့ပါတယ်။

ဘရာဇီးနိုင်ငံကနေ စတင်ဖြစ်ပွားကူးစက်ခဲ့တဲ့ ဇီကာဗိုင်းရပ်စ်ဟာ အေဒီးခြင်းကျား အကိုက်ခံရမှုမှ တစ်ဆင့်ဖြစ်စေ လိင်ဆက်ဆံမှုမှ ဖြစ်စေကူးစက်နိုင်တဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရရင်လည်း မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ပုံမှန်အရွယ်အစားမဟုတ်တဲ့ ဦးခေါင်းသေးကလေးငယ်တွေ ဖြစ်စေပါတယ်။

(MDN)
ကိုးကား-ဆင်ဟွာ