စင်ကာပူနိုင်ငံမှ ဆေးလိပ်သောက်ရန် သတ်မှတ်ထားသောနေရာ

စင်ကာပူ  ၂၅   မေ

 

စင်ကာပူနိုင်ငံမှာ ဆေးလိပ်သောက်ရန် သတ်မှတ်ထားသောနေရာမှလွဲပြီး လမ်းမှတွေပေါ်မှာ သောက်ခွင့်မရှိတာကို တွေ့ရပါတယ်။ ဆေးလိပ်သောက်သူတွေအတွက် လေအေးပေးစက်တပ်ဆင်ထားတဲ့ အခန်း "smoking cabin" အတွင်းမှာ သောက်ခွင့်ရှိတော့မှာဖြစ်ပါတယ်။ ဆေးလိပ်ဆိုရာမှာ အီးစီးကရက်ပါ ပါဝင်ကြောင်း သိရပါတယ်။ 

 

000_1

 

ဆေးလိပ်ကို လူမြင်ကွင်းမှာ သောက်ခဲ့ရင် အမေရိကန်ဒေါ်လာ ၇၂၅ ဒဏ်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်။ အဲ"smoking cabin" အတွင်းမှာ လေသန့်စင်စနစ် တပ်ဆင်ထားပြီး ဆေးလိပ်သောက်သူ ၁၀ ဦးကို တစ်ကြိမ်တည်း သောက်နိုင်အောင် စီစဉ်ထားပါတယ်။ 

 

000_1G

 

ဆေးလိပ်သောက်သူ တွေကတော့ အဲဒီ smoking cabin ကို မနှစ်မြို့ကြတာကိုတွေ့ရပါတယ်။ ဇိန်က “ဆေးလိပ်သောက်သူကို ဒုတိယတန်းစားလို့ သတ်မှတ်ထားသလိုခံစားရကြောင်း အဲဒီခန်းထဲမှာ ထိုင်ခုံမရှိသလို အခန်းက သေးတဲ့အတွက် ကျပ်သလိုဖြစ်တယ်။” လို ပြောသလို ဒတ်စ် ကလည်း  “ ဆေးလိပ်ကို အပြင်မှာ သောက်ချင်တယ်။ တစ်ခါတရံ လေကောင်းလေသန့်လေးရှူရင်းပေါ့”လို့ ပြောပါတယ်။ 

 

စင်ကာပူနိုင်ငံမှာ ၁၉၇၀ ခုနှစ်ကစပြီး ဆေးလိပ်ဆန့်ကျင်ရေးဥပဒေရှိပြီး ဆေးလိပ်သောက်သုံးသူကျဆင်းရန် အမျိုးသားရေးအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 

 

MDN

 

ကိုးကား - AFP

 

000_1GR