စင်ကာပူနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၈၁ ဦး ထပ်မံတွေ့ရှိ

စင်ကာပူ နိုဝင်ဘာ ၁၂

 

စင်ကာပူနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၈၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၂၂၇၆၈၁ ဦး ရှိလာသည်။

 

ယင်းတို့အနက် ရှစ်ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ကျန် ၃၄၇၃ ဦးသည် ဒေသတွင်း ရောဂါကူးစက်ခံရသူများဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

လူနာ ၁၆၈၆ ဦးသည် ဆေးရုံးများ၌ ဆေးဝါးကုသမှု ခံယူနေရပြီး ယင်းတို့အနက် ၂၆၁ ဦးသည် အသက်ရှူ အထောက်အကူပြု ကိရိယာများ တပ်ဆင်ထားရသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၁၇ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူပေါင်း ၅၄၀ ရှိပြီဖြစ်သည်။

 

နိုင်ငံလူဦးရေ ၈၅ ရာခိုင်နှုန်းကျော်သည်ကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်သည်။ ၁၇ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေး တတိယ အကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ကျော်ကျော်