စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၀၆ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၇

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၀၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၈၉၂၉၄၇ ဦးအထိ ရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများတွင်  ပီစီအာစစ်ဆေးမှုဖြင့် ၁၄၇ ဦးနှင့် အေအာတီစစ်ဆေးမှုဖြင့် ၁၄၅၉ ဦးတို့ တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

 

ပီစီအာစစ်ဆေးမှုတွင် ၁၃၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ရှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ အေအာတီစစ်ဆေးမှုတွင်  ၁၃၈၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၇၆ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသူ ၂၁၅ ဦးရှိပြီး ကိုးဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၁၆၁၅ ဦးအထိ ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို