စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၄၁ ဦး ထပ်မံတွေ့ရှိ

စင်ကာပူ   မေ   ၁

 

စင်ကာပူနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၄၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိရသည့် အတွက် ရောဂါကူးစက်ခံရသူပေါင်း ၁၁၉၇၉၀၈ ဦးရှိလာကြောင်း စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

 

အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၀၈၃ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန် ၅၈ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

ပြည်တွင်းကူးစက်ခံရသူများအနက် ၂၆၉ ဦးသည် ရောဂါကွင်းဆက် တုံ့ပြန်မှုဖြင့် စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး ၁၈၁၄ ဦး သည် ရောဂါ ရှိ၊ မရှိ လျင်မြန်စွာစစ်ဆေးသည့် နည်းလမ်းများဖြင့် ရောဂါတွေ့ရှိခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ရောဂါပြင်းထန်စွာ ခံစားနေရ

 

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၁ ဦးသည် ဆေးရုံးများ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး ယင်းတို့အနက် ခြောက်ဦးသည် ရောဂါပြင်းထန်စွာ  ခံစားနေရကြောင်း သိရ သည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၃၃၅ ဦး ရှိပြီဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်